Breaking

Saturday, September 14, 2019

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံမြို့ကိုရောက်ရှိနေပြန်တဲ့ 2 NE1 အဖွဲ့ဝင်ဟောင်း Dara

 နာမည်ကျော်တောင်ကိုရီးယားအဖွဲ့ဖြစ်တဲ့ 2 NE1 အဖွဲ့ဝင်ဟောင်း Dara ကတော့ မြန်မာနိုင်ငံကို စက်တင်ဘာလ(၉)ရက်နေ့ညကတည်းကရောက်ရှိနေခဲ့တာပါ။“MY MUSIC TEACHER ,MINGALARBAR” ဆိုတဲ့ Variety Programm ကိုရိုက်ကူးဖို့အတွက်ရောက်ရှိနေတာဖြစ်ပြီး တခြားသောတောင်ကိုရီးယားအနုပညာရှင်(၅)ဦးလည်းပါပါသေးတယ်။


 ဒီအစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး SBS Medianet ၊ JBJ Entertainment နဲ့ မြန်မာနိုင်ငံမှ Fortune TV တို့ပူးပေါင်းပြီးတော့ ရိုက်ကူးမှာပါ။မကြာသေးခင်ရက်ပိုင်းက မြန်မာနိုင်ငံရဲ့တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်တဲ့ ရွှေတိဂုံစေတီကိုသွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။အခုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ ပုဂံမြေကိုရောက်ရှိနေတာဖြစ်ပါတယ်။ ပေါင်အလယ်လောက်ထိရှည်တဲ့ပေါ့ပေါ့းပါးပါးအပြာရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားတဲ့အပြင် ပုဂံမှာခရီးသွားတွေဝတ်ဆင်နေကြ ချည်သားဘောင်းဘီလေးကိုဝတ်ပြီးလည်းဓာတ်ပုံရိုက်ထားပါသေးတယ်။

Dara ဟာ ကေပေါပ့်ပရိသတ်တွေအပြင် ကေပေါ့ပ့်နဲ့မရင်းနှီးတဲ့ပရိသတ်တွေကပါ ချစ်ခင်ခြင်းခံရသူလေးပါ။မြန်မာနိုင်ငံကိုရောက်ရှိချိန်မှာပရိသတ်တွေကလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသလို လက်ရှိအချိန်မှာရိုက်ကူးနေပြီဖြစ်တဲ့အစီအစဉ်ကိုလည်းများစွာစိတ်ဝင်စားနေကြတာပါ။Dara ဟာအခုတစ်ခေါက်ဟာမြန်မာနိုင်ငံကိုရောက်ရှိတာ ဒုတိယတစ်ခေါက်ဖြစ်ပြီး ပထမဆုံးအကြိမ်ကတော့ (၂၀၁၄)ခုနှစ်တုန်းက အဖွဲ့အလိုက်လာရောက်ခဲ့တာဖြစ်ပါတယ်။
Source:SandraPark
Sweet – CeleGabar

POPULAR POSTS

ads