ချစ်စရာမင်းသမီးချောလေး ဆုအိမ့်စံကတော့ ချစ်သူနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးကြဖို့ စိတ်ကူးထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။ မိန်းကလေးမို့ နစ်နာမှုတွေ အများကြီးရှိတယ်လို့ ဆိုထားတဲ့ ဆုအိမ့်စံကတော့ လတ်တလောမှာလည်း ချစ်သူဟောင်းနဲ့အတူ ဖွင့်ထားတဲ့ ပေ့ခ်ျ Admin နေရာက အထုတ်ခံလိုက်တာကြောင့် ရင်ထဲကခံစားချက်တစ်ချို့ကို ဖွင့်ချလာတာ တွေ့ရပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာလည်း အမှန်တရားအတိုင်း ဖြေရှင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမယ်လို့ ဆုအိမ့်စံက ပြောထားပါသေးတယ်။
ဆုအိမ့်စံကတော့ "Thuriya and Hsu Eaint San Page ရဲ့ Admin နေရာကနေကျွန်မဆုအိမ့်စံ ဒီနေ့ မနက်မှာဘဲ အထုတ်ခံလိုက်ရပါတယ်။ အဆိုပါPage တွင် ကျွန်မ ဆုအိမ့်စံနှင့် သူရိယ နှစ်ယောက်သာ Admin ဖြစ်ပါသည်။ သို့ဖြစ်ပါ၍၎င်းPage တွင် မဟုတ်မမှန် သတင်းများ ပေါ်ပေါကျလာခြင်း၊ Page အား ဖျက်သိမ်းပစ်တို့သည် ကျွန်မ၏ စိတ်ဆန္ဒ တစုံတရာ ပါဝင်ခြင်း မရှိဘဲ တဖက်သတ်သာ ဖြစ်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်။ များမကြာမှီ အချိန်အတွင်း အမှန်တရားအတိုင်း ဖြေရှင်းဆောင်ရွှတ်မှုများကို ဆက်လက်လုပ်ဆောင်သွားပါမည်။ ဆုအိမ့်စံ" ဆိုပြီး တရားဝင်ကြေငြာထားတာပါ။
လတ်တလောမှာတော့ ဆုအိမ့်စံက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတာတွေ့ရပြီး ပရိသတ်တွေကလည်း သူမကို အရမ်းသတိရနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်သူဟောင်းနဲ့အတူ ဖွင့်ထားတဲ့ ပေ့ခ်ျ Admin နေရာကနေ သူမသဘောဆန္ဒမပါပဲ အထုတ်ခံလိုက်ရလို့ ရင်ဖွင့်လာတဲ့ ဆုအိမ့်စံကို အားပေးစကားလေးတွေကို ပြောသွားကြပါဦးနော်။
Myint Myat
Source;Hsu Eaint San's Facebook
Thursday, September 19, 2019
Home
/
Celebrity
/
ချစ်သူဟောင်းနဲ့အတူ ဖွင့်ထားတဲ့ ပေ့ခ်ျ Admin နေရာက အထုတ်ခံလိုက်တယ်ဆိုတဲ့ ဆုအိမ့်စံ
ချစ်သူဟောင်းနဲ့အတူ ဖွင့်ထားတဲ့ ပေ့ခ်ျ Admin နေရာက အထုတ်ခံလိုက်တယ်ဆိုတဲ့ ဆုအိမ့်စံ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity