Breaking

Thursday, September 12, 2019

ဝိတ်ကျသွားပြီးနောက်ပိုင်း အရမ်းလန်းလာတဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ချပြလိုက်တဲ့ မအေးသောင်း

 အနုပညာလောကမှာ နှစ်အတော်ကြာ ပျောက်သွားပြီးနောက်ပိုင်း လက်ရှိမှာ ပရိသတ်တွေက မမအေးသောင်းဆိုပြီး အချစ်ပိုနေရတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရွှေမှုံတွေ စားထားသလို တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတာပါ။ လတ်တလောမှာတော့ မအေးသောင်းက ဝိတ်ကျသွားပြီးနောက် အရင်ကထက် ပိုလန်းလာတဲ့ သူမရဲ့ပုံရိပ်တစ်ခုကို ချပြလိုက်တာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ မအေးသောင်းကတော့ အလန်းစားရေကူးဝတ်စုံနဲ့လည်း အရမ်းကို ကြည့်လို့မိုက်ပြီး ဂေါ်နေတာပါနော်။

 မအေးသောင်းကတော့ "၁၃၅ ပေါင်မှ ၁၂၂ ပေါင်သို့......အမလေး လွယ်တော့မလွယ်ပါဘူး။ ကိုယ့်အတွက်တော့ မဝဖို့ လှဖို့ ဆိုတာ သူများတွေအတွက်မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့တွက်ပါ။ ၃၀ ကျော်ပြီးကတည်းက တက်လာတဲ့အဆီတွေက အမှန်အတိုင်းပြောရရင် ငယ်ငယ်ကလို ခဏလေးနဲ့ပြန်ချလို့မရတော့ပါ။ ဝတဲ့မျိုးရိုးလည်းဖြစ်လို့တအားထိန်းခဲ့ရပါတယ်။ မဝထဖို့အတွက်ထိန်းတာပါ။ ဝလာရင် နေရထိုင်ရလေးလာတာရယ်။ အဝတ်အစားတွေဝတ်တိုင်းစိတ်ညစ်ရလို့ မဝအောင် အမြဲကြိုးစားခဲ့ရသူပါ။ များသောအားဖြင့် လက်မောင်း ခါးအောက် ဗိုက် ပေါင်ရင်း က အဆီတွေက ရုပ်ဆိုးဆိုးကြီးတက်လာတော့တာပါပဲ။




ချရအခက်ဆုံက လက်မောင်းနဲ့ ပေါင်ရင်းပါပဲ။ တရက်ဟော့ပေါ့ဆိုင်တခုမှာစားရင်း မအူဝဲ နဲ့တွေတော့ "အမရယ် အမြဲလှနေတာပဲ။ ပေါက်စီဆို လက်မောင်းကအမလိုသေးချင်တာ" လို့ပြောတော့ မအူဝဲကဆေးခန်းတခုညွှန်ပါတယ်။ " နတ်ရေကန်" ဆိုတဲ့ဆေးခန်းပါ။ အဲ့မှာလက်မောင်းကို စက် ၂ ခါ ၃ ခါလောက်ကပ်ရင် သိသာတယ်တဲ့။နောက်ရက်ကိုအဲ့ဒီ့ဆေးခန်းကိုဘိုကင်လုပ်ပြီးသွားခဲ့ပါတယ်။ဆရာမ မသဇင်နဲ့တွေ့ဖို့ ရက်ချိန်းကြိုယူရပါတယ်။ ဆရာမက စင်ကာပူနဲ့ ရန်ကုန်ကိုလှည့်ထိုင်ပါတယ်။" ဆိုပြီး သူမဝိတ်ချခဲ့တဲ့ အတွေ့အကြုံနဲ့အတူ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အလန်းစားပုံရိပ်လေးကို ချပြလိုက်တာပါ။


မအေးသောင်းကတော့ လက်ရှိမှာ ကြော်ငြာတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဝိတ်ချလိုက်ပြီးနောက် အရမ်းကို လန်းလာတဲ့ မမအေးသောင်းကို ချစ်တယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit-Myint Myat

POPULAR POSTS

ads