အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ စူပါစတားတစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်က လူလေးလှသလို သူမအလှကို ပေါ်လွင်စေမယ့် ဝတ်စုံဆန်းဆန်းပြားပြားတွေကိုလည်း ဝတ်ဆင်တတ်ပါသေးတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ သူများနဲ့ မတူတဲ့ အမိုက်စားပုံရိပ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ပရိသတ်ကြီး ချစ်ကြတဲ့ သင်ဇာဝင့်ကျော်ကို အမိုက်စား အနီရောင်ဖက်ရှင်လေးနဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။သင်ဇာဝင့်ကျော်က လွန်ခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က တရုတ်နယ်စပ်မှာရှိတဲ့ A380 Club ရဲ့ (3) Year Anniversary ပွဲကြီးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က ပရိသတ်တွေ ရူးခါသွားစေမယ့် အတွင်းသားအလှတွေ ပေါ်လွင်တဲ့ ပန်းဆီရောင်ဝတ်စုံလေးနဲ့ လူအများကြားမှာ ထင်ထင်ရှားရှားကြီး လှနေတာပဲ ဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ပွဲတက်တွေ၊ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို တက်ရောက် ရိုက်ကူးပေးနေပြီး မကြာခင်မှာလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် "မြမြ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သင်ဇာကတော့ ပရိသတ်တွေ ရင်သပ်ရှုမောရအောင် အမျိုးမျိုး လုပ်နေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
Rowena
Source: Thin Zar Wint Kyaw's fb
Photo: Amazing Grace
Monday, September 16, 2019
မြင်သူတိုင်းငေးကြည့်ရတဲ့ ဆက်စီကျကျဝတ်စုံလေးနဲ့ အလှဆုံးဖြစ်နေတဲ့ သင်ဇာဝင့်ကျော်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity