Breaking

Saturday, September 14, 2019

ပရိသတ်တိုင်းကို ကျိုးနွံစွာဆက်ဆံတတ်တာကြောင့် ကောင်းသတင်းမွှေးနေတဲ့ ပိုင်တံခွန်

 ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားတစ်လက်ပါပဲ။ ရုပ်လေးချောသလို ကြင်နာသနားတတ်တဲ့ ပိုင်တံခွန်က စိတ်ထားကောင်းသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ အဲ့လို စိတ်ရောလူပါလှတဲ့ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်နေတာ ဖြစ်ပါတယ်။



 ထိုင်းနိုင်ငံက ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့ ယဉ်ကျေးလှတဲ့ အပြုအမူကြောင့် သဘောကျနေကြရတာ ဖြစ်ပြီး အဲ့လို ယဉ်ကျေးပုံကြောင့်လည်း ပိုင်တံခွန်က ပိုနာမည်ကြီးနေရတာ ဖြစ်ပါတယ်။ပိုင်တံခွန်က သူ့ရဲ့ ပရိသတ်တိုင်းကို ခါးလေးညွတ်ပြီး နှုတ်ဆက်တတ်ပြီး ထိုင်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ လက်အုပ်ချီပြီး ရိုသေစွာ နှုတ်ဆက်တတ်သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူတန်းစားမခွဲခြားပဲ နှုတ်ဆက်တတ်တာလဲ သူ့ရဲ့ စိတ်နှလုံးသားကို ပိုပြီးတော့ ထင်ရှားစေပါတယ်။
ပိုင်တံခွန်ကတော့ တိုင်းတစ်ပါးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ မြန်မာလူမျိုးတို့ရဲ့ ရိုသေကျိုးနွံစွာ နေထိုင်တတ်တဲ့ စရိုက်လက္ခဏာကို ထင်ထင်ရှားရှားကြီး ပြသနေတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်အတွက် ဂုဏ်ယူနေကြလိမ့်မယ် ထင်ပါတယ်နော်။

Rowena
Source: Paing Takhon FC Thailand

POPULAR POSTS

ads