ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။ မိန်းကလေးတိုင်းရဲ့ စံပြဖြစ်နေအောင် နေထိုင်တဲ့ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တိုင်းက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။
ဒီတစ်ခေါက်မှာတော့ နေခြည်ဦးက ပရ်သတ်တွေ အားကျရအောင် ပုံရိပ်လေးတစ်ခုကို ထုတ်ပြလာပါတယ်။ အဲ့ဒါကတော့ သူမအနေနဲ့ ပိုးကြေးပန်းကြေး ရရှိထားတဲ့ ဖိနပ်လေးပဲ ဖြစ်ပါတယ်။ထိုဖိနပ်လေးကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Christian Louboutin တံဆိပ် ဒေါက်ဖိနပ်လေးပဲ ဖြစ်ပါတယ်။ ထိုဖိနပ်လေးရဲ့ တန်ဖိုးကတော့ မြန်မာငွေ (၁၈) သိန်းကျော်ခန့် တန်ဖိုးရှိပြီး တန်ဖိုးနဲ့အညီ တော်တော်လေးလှတာကို တွေ့ရပါတယ်။
နေခြည်ဦးကို ပိုးကြေးပန်းကြေး ပေးတဲ့သူကလည်း နေခြည့်အကြိုက်ကို တော်တော်လေး လေ့လာထားသူဖြစ်ပြီး ဖိနပ်ဆိုဒ်ကအစ ကွက်တိဖြစ်အောင် ရွေးချယ်ဝယ်ယူထားတာ အံ့သြစရာပါပဲ။နေခြည်ဦးကတော့ သူမရဲ့အကြိုက်နဲ့ တစ်ထပ်တည်းကျတဲ့ ဖိနပ်လေး လက်ဆောင်ပေးသူကို ကျေးဇူးတင်စကားလေး ပြောထားပါသေးတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ကံကောင်းမှုကြီးကို အားကျနေလောက်ပြီ ထင်ပါတယ်နော်။
Rowena
Source: Nay Chi Oo's ig
Sunday, September 15, 2019
ပိုးကြေးပန်းကြေးအနေနဲ့ (၁၈)သိန်းကျော်တန်ဖိနပ် လက်ဆောင်ရရှိခဲ့တဲ့ နေခြည်ဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity