နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ ပိုင်တံခွန်က မိန်းကလေးတွေအကြိုက် ရုပ်ရည်နဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူပါ။ ရုပ်ရည်ချောမောရုံသာမက စိတ်ထားနူးညံ့လွန်းတဲ့ ပိုင်တံခွန်ကို လူငယ်တွေသာမက လူကြီးတွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ အမြဲတမ်း ကိုယ့်ကိုကိုယ် နှိမ်ချပြီးနေတတ်တာကြောင့် ပိုင်တံခွန်က တစ်နေ့ထက်တစ်နေ့ နာမည်ကြီးလာတာပဲ ဖြစ်ပါတယ်။
စိတ်သဘောထား ကောင်းမွန်လို့ ပရိသတ်တွေ ချစ်ကြတဲ့ ပိုင်တံခွန်က ဒီနေ့မှာလည်း သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကို ပရိသတ်တွေ သာဓုခေါ်ရအောင်လို့ မျှဝေထားပါတယ်။ပိုင်တံခွန်က မနက်စောစောစီးစီး ရွှေတိဂုံစေတီကို တက်ပြီး သီလရှင်တွေနဲ့ သက်ကြီးအဖိုးအဖွားတွေကို သူတတ်နိုင်သလောက်လေး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပိုင်တံခွန်က သူကိုယ်တိုင် နာမည်ကြီး ဒိတ်ဒိတ်ကြဲ နာမည်ကြီးသူ တစ်ဦးဖြစ်ပေမယ့် လူတိုင်းကို အဆင့်အတန်းမခွဲခြားပဲ တန်းတူဆက်ဆံတာကြောင့် ကောင်းသတင်းကျော်ကြားသူ တစ်ဦးဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ မလေးစားပဲ မနေနိုင်အောင်လောက်အောင်ကို စိတ်ထားကောင်းသူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ကောင်းမှုလေးကိုကြည့်ပြီး ပီတိဖြစ်နေလောက်မယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
credit-Rowena
Wednesday, September 11, 2019
Home
/
Celebrity
/
သက်ကြီးဖိုးဖွားတွေကို ရိုသေလေးညွတ်စွာ ဆက်ဆံတတ်တာကြောင့် ကောင်းသတင်းမွှေးနေတဲ့ ပိုင်တံခွန်
သက်ကြီးဖိုးဖွားတွေကို ရိုသေလေးညွတ်စွာ ဆက်ဆံတတ်တာကြောင့် ကောင်းသတင်းမွှေးနေတဲ့ ပိုင်တံခွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity