နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ တိုင်ရွန်က ရုပ်ရည် ချောမောပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိဘတွေအတွက် အိမ် နဲ့ သူစီးဖို့ကားလေး ဝယ်နိုင်လို့ ပျော်ရွင်နေတဲ့ တိုင်ရွန် အကြောင်းကို မိုမိုလေး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
တိုင်ရွန်က လက်ရှိ ထိုင်းနိုင်ငံမှာ လည်း ကြော်ငြာများသွားရောက် ရိုက်ကူးနေပြီ ဖြစ်သလို သူလတ်တလော သရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးများလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ တိုင်ရွန်က မိဘတွေအတွက် အိမ် နဲ့ သူစီးဖို့ကားလေး ဝယ်နိုင်လို့ ပျော်ရွင်နေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။
" အဖေ အမေ ဆန္ဒအိမ်လေးလဲပြည့်သွားပြီ 🏡 🙏🏻မယူဖြစ်လိုက်တဲ့ကားလေး အခု ကျွန်တော့် ဆန္ဒလေးလဲပြည့်သွားပြီဗျာ 🚙 🙏🏻အလုပ်တွေ ပေးတဲ့ အလုပ်ရှင်တွေအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ် ပရိတ်သတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်"
"မဝယ်နိုင်သေးပါဘူးဆိုတာကို ယူပါဆိုပြီး အဆင်ပြေအောင်လုပ်ပေးတဲ့ KIA ကိုလဲ အထူးကျေးဇူးတင်ပါတယ် မိဘဆန္ဒလေး ဦးစားပေးလို့ ဒါလဲ သူ့အလိုလိုဖြစ်လာတာပါTHZ KIA ❤️KIA Myanmar" ဆိုပြီး ပြောထားပါတယ်။မိဘတွေအတွက် အိမ် နဲ့ သူစီးဖို့ကား ဝယ်နိုင်လို့ ပျော်ရွင်နေတဲ့ တိုင်ရွန်ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;tyron
Tuesday, September 17, 2019
မိဘတွေအတွက် အိမ် နဲ့ သူစီးဖို့ကား ဝယ်နိုင်ပြီဖြစ်လို့ ပျော်ရွင်နေတဲ့ တိုင်ရွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity