ပရိသတ်တွေက "မီ" လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ပိုင်ဖြိုးသုဟာ ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး အကယ်ဒမီဆု တစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူပါ။ ပိုင်ဖြိုးသုက အနုပညာလုပ်ငန်းတွေကို မြတ်မြတ်နိုးနိုး လုပ်ကိုင်နေပြီး ဒါရိုက်တာဏကြီးနဲ့ အတူတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုက ဏကြီးထက် အသက်(၉) နှစ်ကျော် ငယ်တာမို့ ကလေးလေးတစ်ယောက်လို အလိုလိုက် စနောက်ခံရတာ ဖြစ်ပါတယ်။ ဏကြီးကလည်း သူ့ရဲ့ ဇနီးလေးကို နာမည်ပြောင်တွေ အမျိုးမျိုးပေးပြီး စနောက်လေ့ရှိပါတယ်။ဒီတစ်ခေါက်မှာလည်း ပိုင်ဖြိုးသုတစ်ယောက် ဏကြီးပေးတဲ့ နာမည်ပြောင်ကြောင့် ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း အခုလိုပဲ ပြောလာပါတယ်၊
"ဝတုတ်လူဆိုး(ခေါ်)ဝက်ဂျပု(ခေါ်)ပဲပိုးတီ(ခေါ်)pig in blanket(ခေါ်)ရေမြင်း 🐷🐷🐷...နာမည်(၅)ခုရပြီးနောက် ဝိတ်ချတော့မည်ဖြစ်ကြောင်း(အစားအစာတွေမျက်စိရှေ့ရောက်မလာခင်ထိတော့အဲ့သလိုစိတ်ကူးတာပဲ) 😂😂😂" ဆိုပြီး ပြောလာပါတယ်။ပိုင်ဖြိုးသုကတော့ ဏကြီးရဲ့ စနောက်မှုကြောင့် ဝိတ်ချတော့မယ့်အထိ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ ဏကြီးရဲ့ ကြည်နူးစရာအဖြစ်လေးကို ကြည့်ရင်း ကြည်နူးနေမယ် ထင်ပါတယ်နော်။
Rowena
Source: Paing Phyo Thu's fb
Sunday, September 15, 2019
Home
/
Celebrity
/
ဏကြီးပေးထားတဲ့ နာမည်ပြောင်တွေကြောင့် ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ပိုင်ဖြိုးသု
ဏကြီးပေးထားတဲ့ နာမည်ပြောင်တွေကြောင့် ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ပိုင်ဖြိုးသု
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity