ဂီတလောကမှာ Pop သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ နေရာယူထားသူလေးကတော့ ပိုပိုပါ။ သီချင်းတိုင်းကို ခံစားချက်အပြည့်သီဆိုတတ်တဲ့ ပိုပိုက ဖြူစင်တဲ့ စိတ်ထားလေးရှိတဲ့ အပြင် သူမချစ်တဲ့ ဂီတအနုပညာနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးနေတဲ့ သူလေးပါ။ ဘယ်ချိန်ကြည့်ကြည့် ပြုံးရယ်နေတတ်ပြီး ကိုယ့်ရဲ့ အိမ်မက်တွေကို သတ္တိရှိရှိအကောင်အထည်ဖော်သွားတဲ့ ပိုပို၇ဲ့ကြိုးစားမှုတွေက ပရိသတ်တွေအတွက် အားကျအတုယူစရာကောင်းပါတယ်။
ယခုဆိုရင် သူမရဲ့ သီချင်းသစ်တွေအတွက် MTV ရိုက်ကူးမှုပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေ မမျှော်လင့်ထားလောက်အောင် ထူးခြားတဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း တွေ့မြင်ခဲ့ရမှာပါ။ အမြဲပျော်ပျော်နေတတ်တဲ့ ပိုပိုကိုတော့ သူမရဲ့ သီချင်းသစ် MTV ထဲမှာ ခပ်ဟော့ဟော့ ကောင်မလေးအဖြစ်မြင်တွေ့ရမှာပါ။ နောက်ပြီး Holiday ဆိုတဲ့ သီချင်းသစ်လေးတစ်ပုဒ်ထွက်ရှိဖို့ ရှိကြောင်းနဲ့ သီချင်းလေးက ဘယ်လိုပုံစံလေးဆိုတာကိုလည်း အင်တာဗျူးမှာ ပြောထားပါသေးတယ်။
လတ်တလောမှာ တော့ ကျောင်းတက်ဖို့ ရက်နီးလာပြီမို့ စာတွေကြိုးစားနေတဲ့ ပိုပိုက နောက်နှစ်နှစ်နေရင် ဘွဲ့ရတော့မှာကို တွေးရင်း အရမ်းတွေပျော်ရွှင်နေပြီး စာမေးပွဲကို အကောင်းဆုံး ကြိုးစားဖြေနိုင်အောင် ယခုကတည်း စာတွေကျက်တော့မှာ ပါ ဆိုပြီး ချစ်စရာကောင်းအောင် အင်တာဗျူးမှာ ဖြေခဲ့တာဖြစ်ပါတယ်။ဒီတော့ ပရိသတ်ကြီးရေ…စာတွေလုပ်ရတော့မယ့် ပိုပိုကို အားပေးလိုက်ကြပါအုံးနော်။Source:CeleGabar
NORA:CeleGabar
Friday, September 13, 2019
Home
/
Celebrity
/
နှစ်နှစ်နေပြီးရင် ဘွဲရတော့မှာမို့ အရမ်းတွေပျော်တဲ့ စိတ်လေးနဲ့ စာတွေကြိုးစားလုပ်နေပါပြီဆိုတဲ့ ပိုပို
နှစ်နှစ်နေပြီးရင် ဘွဲရတော့မှာမို့ အရမ်းတွေပျော်တဲ့ စိတ်လေးနဲ့ စာတွေကြိုးစားလုပ်နေပါပြီဆိုတဲ့ ပိုပို
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity