ဗီဒီယို ခေတ်တစ်ခုရယ်လို့ ဖြစ်နေချိန်က တော်လှန်ရေးကားတွေ၊ မျိုးချစ်စိတ်ကို နှိုးကြားစေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်ရာမှာ မျက်နှာဖြူ အရေးပိုင်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “သခင်ကြီး” (ခေါ်) ဦးစံမြင့်ဟာ ငယ်စဉ်ကတည်းကဘ၀ ကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရင်း သက်စွန့်ဆံဖြားကြီးပြင်းလာရတဲ့ အကြောင်းလေးတွေကို ပြောပြခြင်ပါတယ်။ သခင်ကြီးမှာ ပရိသတ်တွေမသိသေးတဲ့ မြန်မာပြည်သူတွေကို စွန့်စွန့်စားစားကယ်တင်ခဲ့တဲ့ သမိုင်းကြောင်းတွေ၊ မြန်မာ့စစ်တပ်နဲ့အတူ တိုက်ပွဲတွေများစွာကို စွန့်စွန့်စားစား ၀င်ရောက်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ သခင်ကြီးဟာ ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ် နှင့်အတူ ပါလာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦး နဲ့ မြန်မာအမျိုးသမီး တို့က မွေးဖွားလာခဲ့တဲ့ ကပြားတစ်ဦးဖြစ်ပါတယ်။
ဦးစံမြင့်ဟာ အင်္ဂလိပ်အစစ်ကြီးတော့မဟုတ်ပေမယ့် သူက အရပ် ရှည်ရှည် ဒေါင်ကောင်းကောင်း၊ အသားက ဖြူဖြူ၊ ဆံပင်က ငွေရောင်၊ မျက်လုံးကြည်ပြာရောင် နဲ့ ဘိုသံဝဲဝဲလေးဖြစ်နေတာကြောင့် သူကသခင်ကြီးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ညီလွန်းလှပါတယ်။ သူ့ကို စစ်ကြိုခေတ် လို့ ဆိုရမယ့် ၁၉၃၁ခုနှစ် မေလ ၁၆ရက်နေ့မှာ ဗြိတိသျှ စစ်သား Mr.Freeddy Jarstand နဲ့ ဒေါ်သန်းမေတို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့မှာ မွေးချင်း၆ယောက်ရှိပြီး ဖခင်ဖြစ်သူမှာ သူ၆နှစ်သားအရွယ်ထဲက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်ထဲက ဘ၀ကို ပင်ပန်းကြီးစွာ ကြိုးစားရုန်းကန် ရှင်သန်ခဲ့ရပြီး ကျောင်းမနေနိုင်တာကြောင့် ပြည်မြို့ အလွတ် ပညာသင်ကျောင်းအုပ်ကြီး ဦးသန်းဖေက ကူညီစောင့်ရှောက် ခဲ့တဲ့အတွက် ကျောင်းလခလွတ်ဖြင့် ကျောင်းတက်ခဲ့ရကာ ခုနစ်တန်းအောင်မြင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာတော့ ဗမာ့တပ်မတော် အမြောက်တပ်ရင်းမှာ ဝင်ရောက် စစ်မှုထမ်းခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ တပ်မှထွက်ကာ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ တိရစ္ဆာန်ကျွမ်းကျင်ပညာရှင်အဖြစ်နှင့် ပြောင်းရွှေ့အမှုထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၉ ခုနှစ်မှာတော့ ဝန်ထမ်း ဘဝမှ အနားယူခဲ့တယ်လို့ လဲ သိရပါတယ်။
ဝန်ထမ်းဘ၀မှာလဲ တကယ့်ကို ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူဟာ ယူဂိုစလားဗီးယား နိုင်ငံကို အမြှောက် သင်အဖြစ်နှင့်လည်းကောင်း၊ အနောက်ပါကစ္စတန်နိုင်ငံကို တိရစ္ဆာန်ပညာသင်၊ မြင်း ပညာသင်အဖြစ် နဲ့ လည်းကောင်း၊ တရုတ်ပြည်ကို ဆတ်ချိုနုအားဆေးထုတ်လုပ်ရေး ပညာ သင်အဖြစ်နဲ့လည်းကောင်း သွားရောက်ပညာသင်ခဲ့ရတဲ့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို ပညာတွေသင်ယူထားပြီးနောက် တပ်မတော် သားဘ၀ နဲ့ အမြှောက်တပ်နဲ့အတူ ရှေ့တန်းသို့ အကြိမ်ပေါင်းများစွာ လိုက်ပါခဲ့ရပြီး တရုတ်ဖြူ စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေး၊ အောင်မေဃ စစ်ဆင်ရေး၊ လွိုင်တွန်းစခန်းစစ်ဆင်ရေးတို့မှာ အသက်ကို ရင်းနှီးကာ ပြည်သူတွေအတွက် တိုက်ပွဲတွေလဲ ၀င်ခဲ့ရပါတယ်။
တပ်မှထွက်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ တာဝန်ထမ်းနေစဉ်မှာလဲ ပဲခူးရိုးမ တောနက်ကြီး တစ်ကြော ဆင်ရိုင်းဖမ်းတဲ့ အလုပ်ကိုလည်း သစ်ထုတ်လုပ်ရေးမှ တာဝန်ပေးအပ် မှုနဲ့ သက်စွန့်ဆံဖျား ဦးစီးလုပ်ကိုင်ခဲ့ရတာဖြစ်တယ်လို့လဲ သိရပါတယ်။ အဲ့ဒီလို တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ဘဲ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အနေနဲ့ အများပြည်သူတွေကို ကူညီခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို မင်္ဂလာတောင်ညွှန့် နဲ့ ပုဇွန်တောင် မှာ နေထိုင်တဲ့ သူတွေကတော့ သိကြမှာပါ။ အဲ့ဒါကတော့ ၁၉၈၇ ခုနှစ်က ပုဇွန်တောင် နွားသတ်ရုံမှ လွတ်ထွက်သွားခဲ့တဲ့ ကျွဲရိုင်းကြီးတစ်ကောင် ဟာ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရောက်ရှိပြီး မြင်မြင်ရာ လူကို လိုက်လံဝှေ့ခတ် ဒုက္ခပေး နေတဲ့ အတွက် ရဲစခန်းမှ အကူအညီတောင်းခံ တာဝန် ပေးချက်အရ ရိုင်ဖယ်သေနတ်နဲ့ စွန့်စွန့်စားစား ပစ်ခတ် ဖမ်းဆီးပေးခဲ့သူလဲ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ မြင်စီးရာမှာလဲ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သူဖြစ်တာကြောင့် အောင်ပန်း အမြှောက်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က အောင်ပန်းကိုရုပ်ရှင်လာရိုက်တဲ့ ရုပ်ရှင်မင်းသား တင်ညွန့်၊ ရွှေဘတို့အဖွဲ့နှင့် ခင်မင်ခဲ့ကြပြီး မြင်းစီးဇာတ်ဝင်ခန်းများ ပိုမိုအသက်ဝင် စေရန် ဦးစံမြင့်က များစွာအကူအညီပေးခဲ့တယ်လို့ လဲ သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တာဝန်ထမ်းဆောင် နေစဉ် မင်းသား တင်ညွှန့်အဖွဲ့ နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းလာခဲ့တဲ့ အတွက် ''ရန်သူကို ဘာမထီ'' ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျရာဇာတ်ရုပ်များမှာ သရုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်း အင်္ဂလိပ်အရေးပိုင်အဖြစ် နဲ့ ရုပ်ရှင်ကားတိုင်းမှာ သရုပ်ဆောင်လာခဲ့တာလဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် “မောင်မင်း လူကလေး” ဆိုတဲ့ ခေါ်သံလေးနဲ့ သခင်ကြီး အဖြစ်ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ကြီးပေါင်း ၃၄ ကားခန့် နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ကျော်ခန့် ကို ရိုက်ကူးပုံဖော်ခဲ့တာဘဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သခင်ကြီးဟာ အသက် (၈၈)နှစ်အရွယ် ၇ှိနေပြီဖြစ်ပြီးမကြာသေးခင်ကမှဘဲ မတော်တဆချော်လဲကျခါ ခြေထောက်အရိုးကျိုးခဲ့တာကြောင့် လမ်းမလျှောက်နိုင်တော့တဲ့ အနေအထားရှိနေပြီး အနုပညာအလပ်တွေနဲ့ လဲ ကင်းကွာခဲ့တာဟာ အချိန်အတော်လေးကိုကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
May Phyo(mml)
Source - တင့်လွင်ဦး (စီးပွားရေးတက္ကသိုလ်)
Friday, September 13, 2019
Home
/
Celebrity
/
“မောင်မင်းလူကလေး” လို့ မာန်ပါပါခေါ်တက်တဲ့ သခင်ကြီးရဲ့ သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့ရတဲ့ ဘ၀ဖြစ်စဉ်
“မောင်မင်းလူကလေး” လို့ မာန်ပါပါခေါ်တက်တဲ့ သခင်ကြီးရဲ့ သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့ရတဲ့ ဘ၀ဖြစ်စဉ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity