ပရိသတ်တွေ အရမ်းအားကျ ချစ်ခင်ရတဲ့ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးရဲ့ လိုအပ်ချက်တွေကို တစ်ဦး အကောင်းဆုံး ဖြည့်ဆည်းပေးရင်း ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝိုင်းစုက ချစ်သူ အောင်လရဲ့သီချင်းအသစ်လေးအတွက် ကြိုးစားနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလာတာ တွေ့ရပါတယ်။ တကယ့်စုံတွဲ အစစ်တွေနဲ့ ရိုက်ကူးထားတဲ့အောင်လရဲ့ သီချင်း ဗီဒီယိုကတော့ ပုံလေးတွေ ကြည့်တာနဲ့တင် အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်နော်။
ဝိုင်းစုခိုင်သိန်းကတော့ "ဒီနေ့  ကိုအောင်လရဲ့ "အသုံးတော်ခံ"အခွေထဲက "လိုတရ"ဆိုတဲ့ သီချင်း Music Videoလေးကို အပြင်က တကယ့်စုံတွဲ အစစ်တွေနဲ့ ရိုက်ဖြစ်တယ်☺ Soooooo happy😀😊" ဆိုပြီး ချစ်သူရဲ့ သီချင်းအသစ်ရိုက်ကွင်းက ပုံရိပ်တွေကို ကြည်နူးစွာ ဝေမျှပေးထားတာပါ။အရမ်းလိုက်ဖက်ညီတဲ့ အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲလေး...။
ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ အောင်လနဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေလည်းဆက်တိုက်လုပ်နေတဲ့ အောင်လတို့စုံတွဲလေးကတော့ တကယ့်ကို ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးဆိုရင်လည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း အနုပညာ အလုပ်တွေလုပ်ရင်း ဘဝကို အကောင်းဆုံး ရှေ့ဆက်နေကြတဲ့ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကိုချစ်ရင် Share သွားဖို့မမေ့ပါနဲ့နော်။
Myint Myat
Source;Wyne Su Khaing Thein's Faceboo Page
Sunday, September 22, 2019
Home
/
Celebrity
/
ချစ်သူ အောင်လရဲ့သီချင်းအသစ်ကို တကယ့်စုံတွဲအစစ်တွေနဲ့ ရိုက်ကူးနေတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
ချစ်သူ အောင်လရဲ့သီချင်းအသစ်ကို တကယ့်စုံတွဲအစစ်တွေနဲ့ ရိုက်ကူးနေတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity