နှစ်တွေအကြာကြီးနေမှ အနုပညာလောကထဲကို အရှိန်နဲ့ ပြန်လည်ဝင်ရောက်လာတဲ့ မအေးသောင်းကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေ ပိုပိုတိုးလာသူလေးဆိုလည်း မမှားပါဘူး။ စကားပြောရင် ပွင့်ပွင့်လင်းလင်းရှိလှတဲ့ မအေးသောင်းကတော့ လတ်တလောမှာ လူကြားထဲမှာ သူမကို ဘုန်းကြီးခေါင်းခေါက်သလို လုပ်ပြီးမှ ဖုန်းလေးနဲ့ လာတောင်းပန်လို့ ပေါက်ကွဲနေတာ တွေ့ရပါတယ်။ ဘယ်သူ့ကိုရည်ညွှန်းသလဲတော့မသိပေမယ့် ပရိသတ်တွေကတော့ မအေးသောင်းရဲ့ခံစားချက်တွေကို နားလည်ပြီး သူတို့ရဲ့အမြင်တွေကို ပြောနေကြပါသေးတယ်နော်။
မအေးသောင်းကတော့ "အယ် လူကြားထဲ ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်တော့ ဖုန်းကလေးနဲ့နှစ်ကိုယ်ကြား တဲ့လား ရှင်ပဲငရဲကြီးမှာ 👿 "ကြမ်းကျွံရင် နှုတ်လို့ရပေမဲ့ နှုတ်ကျွံရင်တော့ နှုတ်လို့မရပါဘူးနော်"" ဆိုပြီး စိတ်တိုလွန်းစွာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
မအေးသောင်းကတော့ လက်ရှိမှာ သူမကို အရိပ်တကြည့်ကြည့် ချစ်တတ်လွန်းတဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရတာဖြစ်ပြီး၊ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတာပါ။ မကျေနပ်ရင် မကျေနပ်တာကို ဒဲ့ရှင်းရဲတဲ့ မအေးသောင်းရဲ့စိတ်ဓါတ်လေးကတော့ တကယ့်ကို လေးစားစရာပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူကြားထဲမှာ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဖုန်းလေးနဲ့ နှစ်ကိုယ်ကြားလာတောင်းပန်သူကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ မအေးသောင်းရဲ့စိတ်ဓါတ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Aye Thaung's Facebook