Breaking

Friday, September 13, 2019

” မောင့်ကို နည်းနည်းလေးမှ စိတ်မချဘူးလို့ ဆိုလာတဲ့ သဇင်ထူးမြင့် “

 ခင်လှိုင်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေအားပေးမှုအခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ လူရွှင်တော် ဘဝကနေ စွယ်စုံရ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အောင်မြင်လာသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဇနီးကလည်း အနုပညာအလုပ်တွေလုပ်ရာမှာ ပါရမီဖြည့်ဖက်ကောင်း အဖြစ် ဝိုင်းဝန်းပံ့ပိုးပေးတာကြောင့် ဇနီးကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သားသမီး (၃)ယောက်ပိုင်ဆိုင်ထားတဲ့အနက် အငယ်နှစ်ယောက်ဟာ ခင်လှိုင်ရဲ့ အနုပညာအမွေဖြစ်တဲ့ သရုပ်ဆောင်ဘက်ကို ဝါသနာပါကြတာပဲ ဖြစ်ပါတယ်။သားသမီးတွေအနက် သမီးလေးတစ်ယောက်ပဲ ပါဝင်တာဖြစ်ပြီး ပရိသတ်တွေအထူးမိတ်ဆက်စရာမလိုတဲ့ ပရိသတ်တွေချစ်စနိုးနဲ့ ” သဲလေး ” လို့ ခေါ်ကြတဲ့ သရုပ်ဆောင်သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။
 (၂၀၁၉) အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ပရိသတ်အားပေးခံရဆုံး ရွှေကြိုတစ်ယောက် ပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းပြီး အပြစ်ကင်းလှတဲ့အပြုံးလေးတွေကြောင့် အမျိုးသားပရိသတ်တွေ ရဲ့ အားပေးမှုအမြင့်ဆုံးရရှိထားတာပဲ ဖြစ်ပါတယ်။အချိန်တိုအတွင်း အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း သဇင်ထူးမြင့်ဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့လုပ်ကိုင်နေပြီး သီချင်း MTVတွေ၊ Short Filmတွေကို ရိုက်ကူးနေတာပဲဖြစ်ပြီး သူမရိုက်ကူးခဲ့တဲ့ သီချင်း MTVတွေထဲကမှ သီဟအောင်နဲ့  မန္တလေးမြို့မှာ သွားရောက်ရိုက်ကူးထားတဲ့” ရွှေခြေကျင်းနဲ့မန္တလေးသူ”သီချင်း အပြင် အဆိုတော် PTO ရဲ့ “Meaning Of Love”သီချင်း မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သီချင်းတွေကို ပရိသတ်တွေက အရမ်းကို သဘောကျနှစ်သက်ကြတာပဲဖြစ်ပါတယ်။



မကြာသေးမီကလည်း သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုသီချင်းလေး (၂)ပုဒ်ဟာ သြဂုတ်လအတွင်း You Tube Channel ရဲ့ ကြည့်ရှူ့သူ အများဆုံး သီချင်း(၁၀)ပုဒ်ထဲမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ Tik Tok လေးတွေ ရိုက်ကာ ပရိသတ်တွေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ ထို Tik Tok လေးတွေထဲကမှ အဆိုတော်ကော်နီရဲ့ နာမည်ကြီးသီချင်း ဖြစ်တဲ့ ” မောင့်ကိုလေနည်းနည်းလေးမှ စိတ်မချဘူး ၊ မယုံချင်စရာလူဆိုးလေး တို့အချစ်ဦး ” ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာအမူအရာ ဟန်ပန်လေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ဆော့ကစားထားတာကြောင့် ယောကျာ်းလေးပရိသတ်တွေ သဘောကျနေတာကို တွေ့ရပါတယ်။ CeleGabar ပရိသတ်ကြီးလည်း သဲလေးရဲ့ Tik Tok လေးကို ကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Source :Thazin Htoo Myint
credit-Shwe Poe – CeleGabar

POPULAR POSTS

ads