ကလေးသရုပ်ဆောင်ဘဝကတည်းက ချစ်စရာမျက်နှာလေးနဲ့ အရမ်းကို သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေ အရမ်းအားပေးကြတဲ့ သရုပ်ဆောင် ယွန်းယွန်းကတော့ လက်ရှိမှာ အရောင်အသွေးစုံတဲ့ အလှပဆုံး အပျိုမလေး ဖြစ်လို့ နေပါပြီ။ အမြဲလိုလိုလည်း သူမရဲ့အလှပုံရိပ်လေးတွေ ဝေမျှပေးလေ့ရှိတဲ့ ယွန်းယွန်းကတော့ လတ်တလောမှာ Shwe FM ပွဲကို ရွှေရုပ်လေးတစ်ရုပ်လို အလှဆုံး ပွဲတက်ခဲ့တဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ တကယ့်ကို အပျိုမလေး ဖြစ်နေပြီဖြစ်တဲ့ ယွန်းယွန်းကတော့ ဆယ်ကျော်သက်တွေရဲ့ငယ်ဂုဏ်နဲ့ လန်းဆန်းလတ်ဆတ်တဲ့ ပန်းပွင့်လေးလို လှရက်လွန်းနေတာပါနော်။
ယွန်းယွန်းကတော့ "Throwback to lastnight ⭐🌙✨" ဆိုပြီး Shwe FM ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။ လူလေးလည်း လှသလို အရမ်းလိမ္မာတဲ့ ယွန်းယွန်းလေးကတော့ ငယ်ငယ်လေးကတည်းက မိဘကို စိတ်ချမ်းသာစေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။
ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ယွန်းယွန်းရဲ့အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေတာလည်း တွေ့ရပါတယ်။ တက္ကသိုလ်ကျောင်းသူလေးဖြစ်တဲ့ ယွန်းယွန်းကတော့ လက်ရှိမှာ ကျောင်းစာတွေလုပ်ရင်း အချိန်ကုန်နေတာပဲ ဖြစ်ပါတယ်နော်။
ငယ်ငယ်လေးနဲ့ အနုပညာမှာ အရမ်းထူးချွန်တဲ့ ယွန်းယွန်းကတော့ "တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာတော့ ယွန်းယွန်းက အနုပညာအလုပ်တွေလုပ်ရင်း ကျောင်းစာအတွက်လည်း အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီး အလှသွေးကြွယ်လာတဲ့ ယွန်းယွန်းလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Nyein
Source;Yoon Yoon's Facebook
Photo;Hsu Photography
Monday, September 16, 2019
ရွှေရုပ်လေးတစ်ရုပ်လို အလှဆုံး ပွဲတက်ခဲ့တဲ့ ယွန်းယွန်းရဲ့အလှပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity