Breaking

Thursday, September 19, 2019

ကြွေရုပ်လေးတစ်ရုပ်လို အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်

 အကယ်ဒမီများရှင် နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်က အနုပညာလောကထဲကို အလှမယ်ပြိုင်ပွဲကနေတဆင့် ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် တစ်နိုင်ငံလုံးချစ်ကြတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က Miss Kokkine ဆု၊ Miss Christmas ဆုနဲ့ "မျက်နှာများတဲ့ကောင်းကင်"၊ "ရင်ဘတ်ထဲကဓား" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

 အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အိန္ဒြာကျော်ဇင်က နတ်ရေကန် ဆေးခန်းအတွက် ရိုက်ကူးပေးထားတဲ့ သူမရဲ့ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။
အိန္ဒြာကျော်ဇင်က ကြွေရုပ်လေးတစ်ရုပ်လို ထိရက်၊ ကိုင်ရက်စရာမရှိအောင် လှနေတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အသက် (၄၀) ကျော်တိုင် အခုလို နုပျိုနေတာ အရမ်း ကုသိုလ်ကံကောင်းတာပဲနော်။




အိန္ဒြာကျော်ဇင်ကတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း သူမရဲ့ သားနဲ့ သမီးကို အချိန်ပေး ဂရုစိုက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အလှကတော့ အသက်အရွယ်ကြီးလာတာတောင် နုပျိုနေဆဲဖြစ်တာ အားကျစရာပါပဲ။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Eaindra Kyaw Zin & နတ်ရေကန်
Photo: Aung Kyaw Tun

POPULAR POSTS

ads