Teen Plotting Parents Murder: Alyssa Michelle Hatcher Biography, Wiki, Age, Family, Net Worth, Boyfriend, Instagram, Fast Facts You Need to Know https://t.co/nbt68uuMkb pic.twitter.com/yu5kE2kFEm— wikiglobals (@wikiglobals) September 11, 2019
Lake County Sheriff’s Office ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ Alyssa ဟာ မိဘတွေကို သတ်ဖို့အတွက်၊ လူသတ်သမားရှာပေးဖို့ သူမရဲ့သူငယ်ချင်းတစ်ဦးကို ပိုက်ဆံအပ်ပြီး စေခိုင်းခဲ့တာဖြစ်ကြောင်း၊ သူမရဲ့ချစ်သူကောင်လေးကိုလည်း သူမရဲ့ အစီအစဉ်တွေ ပြောပြခဲ့ကြောင်း ကောင်လေးက အစစ်ခံခဲ့ပါတယ်။မိဘနှစ်ပါးစလုံးကို သတ်ဖို့ စီစဉ်ထားတဲ့ နေ့မှာပဲ အင်စတာဂရမ်မှာ ပုံနဲ့တွဲတင်ခဲ့ပြီး ရေးထားတဲ့စာမှာတော့ “ အကြင်နာမဲ့တယ် … ရက်စက်တတ်တယ် ”ဟူ၍ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ အကောင့် D သွားခဲ့ပြီး၊ သူမမှာ တစ်ခြား ပြဿနာတွေ ပေါ်လာခဲ့တာကို မြင်သာစေခဲ့ပါတယ်။
#BREAKING: The Lake County Sheriff’s Office arrested 17yo Alyssa Hatcher for trying to pay two different people to kill her parents. @fox35orlando pic.twitter.com/OQivfk5POS— Jessica Albert (@FOX35Jessica) September 10, 2019
Alyssa ဟာ သူမရဲ့မိဘတွေသုံးတဲ့ အကြွေးဝယ်ကတ်ကနေပဲ လူသတ်သမားတစ်ဦးထံကို (၅၀၅)ဒေါ်လာ လွှဲပေးခဲ့ပြီး၊ အခြားတစ်ဦးကိုတော့ (၉၂၆.၄)ဒေါ်လာ လွှဲပေးခဲ့ပါတယ်။ သူမကို Umatilla Police Department ရဲတပ်ဖွဲ့ကနေ ခိုးမှုအတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ခိုးယူခဲ့တဲ့ ငွေတွေအနက် ဒေါ်လာ(၁၀၀)ကို ကိုကင်းဝယ်သုံးခဲ့ကြောင်း၊ လူသတ်သမား ရှာပေးတဲ့ သူငယ်ချင်းကိုတော့ ဒေါ်လာ(၄၀၀) မုန့်ဖိုးပေးခဲ့ကြောင်း၊ ပေါ်ပေါက်ခဲ့ပါတယ်။လူသတ်မှု အထမမြောက်ခဲ့ပေမယ့် ဒီလိုကြံစည်မှုဟာ အန္တရာယ်အလွန်များတဲ့ ကြံစည်မှုဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ သူမဟာ လူမှုကွန်ရက်ပေါ်မှာလည်း မိဘတွေကို အလွန်မုန်းကြောင်း ရေးလေ့ရှိပါသတဲ့။ သူမရဲ့အမှုကို Department of Juvenile Justice မှာ စစ်ဆေးနေပါတယ်။
credit-လင်းသုတ