နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ပိုင်တံခွန်က လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကြော်ငြာရိုက်ခဲ့ရင်း အင်တာဗျူးတစ်ခုကို လက်ခံဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ထိုအင်တာဗျူးမှာ သူ့ရဲ့ အနုပညာအပေါ် ခံယူချက်ကို ပြောပြခဲ့ပါတယ်။
ပိုင်တံခွန်က "ကျွန်တော့်ကို ပရိသတ်တွေက Super Star တစ်ယောက်လို သတ်မှတ်တယ်ဆိုရင် အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော့်ကတော့ ကျွန်တော့်ကိုကျွန်တော် အသစ်တစ်ယောက်လို အမြဲတမ်းကြိုးစားနေပါတယ် " ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ ထိုင်းနိုင်ငံမှ အင်တာဗျူးလေး
ပိုင်တံခွန်ကတော့ ဘယ်လောက်နာမည်ကြီးနေနေ သူ့ကိုယ်သူ အသစ်တစ်ယောက်လိုပဲ ထင်ပါတယ်တဲ့။ ဘယ်လောက်တောင် နှိမ့်ချပြီး နေတတ်လဲဆိုတာ သိသာပေါ်လွင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Marsha Vadhanapanich
Friday, September 13, 2019
ထိုင်းပရိသတ်တွေ သဘောကျခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ အနုပညာအပေါ် ခံယူချက်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity