Breaking

Sunday, September 29, 2019

ရုပ်ရှင်ပိုစတာထဲက သူမပုံက ချွဲစိန်လေး နိုင်ဖြိုးဥနဲ့ တစ်ထေရာတည်းတူနေကြောင်းပြောလာတဲ့ ပိုင်ဖြိုးသု

 နိုင်ငံကျော် မင်းသမီးချောလေး ပိုင်ဖြိုးသုက သူမရဲ့ အနုပညာနဲ့ ပက်သတ်ပြီးသာမက ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အားကျနေရတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက အရမ်းချစ်စရာကောင်းတဲ့ နိုင်ဖြိုးဥဆိုတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပြီးချစ်ကြတဲ့ ပိုင်ဖြိုးသုနဲ့ နိုင်ဖြိုးဥတို့ ညီအစ်မကို ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။

 ဒီတစ်ခေါက်မှာတော့ ပိုင်ဖြိုးသုက "စပွန်စာ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပိုစတာမှာပါတဲ့ သူမရဲ့ ပုံက ညီမလေး နိုင်ဖြိုးဥနဲ့ တစ်ထေရာတည်း တူနေကြောင်းကို အခုလို အရွှန်းဖောက်ပြီး ပြောဆိုနေတာ ဖြစ်ပါတယ်။ပိုင်ဖြိုးသုက "ဘယ့်နှယ့်ဒီပိုစတာထဲက ဒေါ်သုရုပ်က အိမ်ကညီမဒေါ်ရွှေဥ အပြစ်တစ်ခုခုလုပ်ပြီးတိုင်း "သာမီးဘာမှမလုပ်ဖူးနော် သာမီးက‌တစ်လောကလုံးမှာ အင်နိုးအဆင့်ဆုံးခေးလေး"ဆိုပြီးသူပဲဘာမှအပြစ်မလုပ်ထားတဲ့ရုပ်နဲ့ မျက်ရည်တွေဘူးသီးလုံးလောက်ကျပြနေတဲ့ရုပ်နဲ့ တစ်ထေရာတည်းတူနေရတာလဲမသိဘူး 😂😂😂" ဆိုပြီး ညီမလေးကို စနောက်ထားပါတယ်။



ပိုင်ဖြိုးသုရဲ့ စကားကြောင့် ပရိသတ်တွေက ပိုစတာကို သေချာကြည့်ခဲ့ရာ တကယ်ပဲ နိုင်ဖြိုးဥနဲ့ တော်တော်လေး တူနေတာကို တွေ့ရပါတယ်။ပိုင်ဖြိုးသုရဲ့ စကားကြောင့် အခုချိန်လောက်ဆို ကောက်စိန် ချွဲစိန်လေး နိုင်ဖြိုးဥကတော့ စိတ်ကောက်နေလောက်ပြီ ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Phyo Thu's fb

POPULAR POSTS

ads