ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်တာ သဘာဝကျ ပီပြင်လွန်းလို့ ဒရာမာ ဇာတ်ကားတွေရဲ့ ပင်တိုင်မင်းသားကြီးလို့တောင် ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ပြေတီဦးကတော့ ချစ်ရတဲ့ မိသားစုနဲ့ ဘဝကို အေးချမ်းတည်ငြိမ်စွာဖြတ်သန်းနေတာပါ။ လတ်တလောမှာတော့ ပြေတီဦးက သူ့အကောင့်လေးကို ဟာဟက်နေကြတဲ့ ဟက်ကာတွေကို တောင်းပန်စကား ဆိုလိုက်တာ တွေ့ရပါတယ်။ ပြေတီဦးကတော့ သူ့အကောင့်ထဲမှာ တကယ်လည်း ဘာမှမရှိတာကြောင့် မဟက်ကြဖို့ ပြောထားတာပါနော်။
ပြေတီဦးကတော့ "ကျွန်တော့်အကောင့်လေးကို မဟက်ကြပါနဲ့ဗျာ..တောင်းပန်ဆိုကြိုပြီးတောင်းပန်ပါတယ်..🙏🙏🙏...ဘာဆိုဘာမှလဲမရှိပါဘူးဗျာ..တကယ်ပါ..." ဆိုပြီး တောင်းပန်ထားတာပါ။
သားနဲ့သမီးကို အရမ်းချစ်တဲ့ ဖခင်ကောင်းတစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ ဇနီးအတွက်လည်း ခင်ပွန်းကောင်း ပီသသူ တစ်ဦးပါ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပြေတီဦးတစ်ယောက် အကောင့်အဟက်မခံရဖို့ Share ပေးလိုက်ကြပါဦးနော်။
Nyein
Source:Pyay Ti Oo's Facebook
Sunday, September 15, 2019
သူ့အကောင့်လေးကို မဟက်ကြဖို့ ဟက်ကာတွေကို တောင်းပန်လိုက်တဲ့ ပြေတီဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity