အနုပညာလောကမှာ အောင်မြင်မှုတွေ၊ ပရိသတ်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်ခဲ့ကြတာမို့ ဖူးစာဖက်တွေအဖြစ် လက်တွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေထူးက ချွဲတတ်လွန်းတဲ့ ဇနီးချောလေးနဲ့ အလိုလိုက်ပြီး ချစ်တတ်တဲ့ သူ့ရဲ့အ ကြောင်း ပေါ်လွင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေထူးရဲ့ပေါင်ပေါ် ခြေထောက်လေးတင်ပြီး ဓာတ်ပုံရိုက်ထားတဲ့ ရွှေမှုံလေးရဲ့ပုံကိုကြည့်ရင်တော့ ရွှေထူးတစ်ယောက် ချစ်ဇနီးလေးကို အရမ်းချစ်မှန်း သိသာလွန်းပါတယ်နော်။
ရွှေထူးကတော့ ဒီနေ့လေးမှာပဲ ချစ်ဇနီးချောလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာဖြစ်ပြီး Romantic ဆန်လွန်းတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေ အရမ်းသဘောကျနေကြတာပါနော်။"မင်းစိတ်နဲ့" ဆိုပြီး ရွှေထူးတင်ထားတဲ့ ပုံရိပ်တွေကတော့ ချစ်ဇနီးချောလေးကို အရမ်းချစ်မှန်း သိသာလွန်းနေပါတယ်နော်...။
ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလေး ရွှေမှုံလေးကို ချစ်တယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Htoo Khant's Facebook
Friday, September 13, 2019
Home
/
Celebrity
/
ဇနီးကို ဘယ်လောက်ထိ အလိုလိုက်ပြီး ချစ်ကြောင်း ပေါ်လွင်နေတဲ့ ရွှေထူးရဲ့ပုံရိပ်တစ်ချို့
ဇနီးကို ဘယ်လောက်ထိ အလိုလိုက်ပြီး ချစ်ကြောင်း ပေါ်လွင်နေတဲ့ ရွှေထူးရဲ့ပုံရိပ်တစ်ချို့
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity