ပျော်စရာကောင်းတဲ့ ယုန်လေးရဲ့မွေးနေ့မှာ ချစ်သူခင်သူတွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ Birthday Party လေးတောင် လုပ်ခဲ့ကြပါသေးတယ်။ အမြဲတမ်းစိတ်သဘော ကောင်းပြီးကူညီတတ်တဲ့ ယုန်လေးကတော့ စေတနာရောင်ပြန်ဟပ်တယ်လို့ပဲဆိုရတော့မှာပါ ပရိသတ်ကြီးရေ။ မွေးနေ့မှာ Car Showroom တစ်ခုက သိန်း ၄၀၀ နီးပါး ကားသစ်ကြီးတစ်စီးကို လက်ဆောင်အဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ့်ကိုအမိုက်စားကားကြီးက ကြွေချင်စရာပါ။
မွေးနေ့လက်ဆောင်ပေးလို့ ယုန်လေးက ” BAIC ကို အထူးကျေးဇူးပါ။ မွေးနေ့မှာ 2019 . O ကီလို .X55 Sub BAIC ကို လက်ဆောင်ပေးတဲ့ အတွက် Special Thank အစောကြီးထဲက လိုချင်နေတာ . ပိုက်ဆံနည်းနေလို့ ဒီတိုင်းလည်းတန်ပါတယ် 2019 အသစ်ကို 386 သိန်း။ Sky Line လေးလည်း ရောင်းစရာမလိုတော့ဘူး ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ မင်္ဂလာရှိတဲ့မွေးနေ့လေးမှာ ပျော်စရာဆက်တိုက်ဖြစ်နေတော့ ထပ်ဆင့်မင်္ဂလာရှိသွားတာပေါ့နော်။
ခင်မင်ရသူတွေကလည်း အပြန်အလှန်စေနောက်ကြပြီး ပျော်စရာကောင်း ချစ်စရာကောင်းတဲ့ သူငယ်ချင်းခင်မင်မှုလေးကို အထင်းသားမြင်တွေ့ရပါတယ်။ ယုန်လေးတစ်ယောက် မွေးနေ့ လက်ဆောင်လေးကြောင့် ပြုံးပျော်နေတဲ့ပုံစံလေးကလည်း မြင်ရသူတိုင်း ထပ်တူဝမ်းသာချင်စရာပါ။ ကားသစ်ကြီးနဲ့ကွီးယုန်လေးရေ Happy Birthday ပါနော်။Photo – Yone Lay
Happy – Cele Gabar
Friday, September 13, 2019
မွေးနေ့လက်ဆောင်အဖြစ် သိန်း (၃၀၀) ကျော်တန် ကားသစ်ကြီးကို လက်ဆောင်ရခဲ့တဲ့ ယုန်လေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity