မျက်နှာဖူးဖူးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ တောင်ကြီးသူလေး မြတ်ရတနာကျော်ကတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ အလှအပကိုလည်း အမြဲဂရုစိုက်တဲ့ မြတ်ရတနာကျော်ကတော့ ကလေးအမေလို့တောင် မဆိုရက်နိုင်လောက်အောင် တစ်နေ့တစ်ခြား ပိုပိုလှလာတာပါ။လတ်တလောမှာတော့ မြတ်ရတနာကျော်က အရမ်းကိုလှတဲ့ ဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုကြည့်ကြည့် လှရက်လွန်းတဲ့ မြတ်ရတနာကျော်ရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။
မြတ်ရတနာကျော်ကတော့ "ဆိုင်လေးအရမ်းလှတော့ အစားလည်းစားရင်း ဓါတ်ပုံလည်းဖမ်းရင်းပေါ့ 💐" ဆိုပြီး မုန့်စားရင်း ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ အလှပုံလေးတွေကို ဝေမျှပေးထားတာပါ။မြတ်ရတနာကျော်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို နားထားတယ်လို့လည်း သိရပါတယ်။
မြတ်ရတနာကျော်ကတော့ အဆိုတော် Ah boyနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သမီးလေး Scarlett ကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ Scarlett လေးရဲ့မေမေ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Myat Yadanar Kyaw's Facebook
Thursday, September 12, 2019
Home
/
Celebrity
/
ကလေးတစ်ယောက်အမေလို့တောင် မထင်ရလောက်အောင် လှရက်လွန်းတဲ့ မြတ်ရတနာကျော်
ကလေးတစ်ယောက်အမေလို့တောင် မထင်ရလောက်အောင် လှရက်လွန်းတဲ့ မြတ်ရတနာကျော်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity