ညှို့အားပြင်းလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဘိုဆန်ဆန် မျက်နှာကျလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေ ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေအိမ်စည်က သူမအဖမ်းခံရတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ပြန်ဖြေရှင်းလိုက်တာ တွေ့ရပါတယ်။ အရာရာကို တည်တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းတတ်တဲ့ အိမ်စည်ကတော့ အခုသတင်းတွေကိုလည်း လူမှုကွန်ယက်မှာ အေးဆေးတည်ငြိမ်စွာ ဖြေရှင်းလိုက်တာပါနော်။
ရွှေအိမ်စည်ကတော့ "ဘယ်သူကဘယ်လိုနှောက်ချလိုက်လဲမသိဘူးရွှေအိမ်စည် အဖမ်းခံရတယ်ဆိုပီး အိမ်မှာ နေမကောင်းလို့ အေးအေး အနားယူနေပါတယ်😌ကျမရဲ့ သာယာနေတဲ့ ဘဝကြီးကိုမဖြတ်ဆီးကြပါနဲ့🤓🤓" ဆိုပြီး သတင်းမှားတွေကို ဖြေရှင်းထားတာပါ။
ရွှေအိမ်စည်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားဖို့ရှိတယ်လို့သိရပြီး၊ ရုပ်ရှင်တွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရာရာကို ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ဖြေရှင်းတတ်တဲ့ အိမ်စည်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Shwe Eain Si's Facebook
Thursday, September 12, 2019
ရွှေအိမ်စည် အဖမ်းခံရတယ်ဆိုတဲ့ သတင်းကို သူမကိုယ်တိုင် ပြန်ဖြေရှင်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity