Breaking

Friday, September 13, 2019

အလိုက်သိပြီး ဂရုစိုက်လွန်းတဲ့ ဏကြီးရဲ့စကားတစ်ခွန်းကြောင့် ကြည်နူးမဆုံးဖြစ်နေတဲ့ ပိုင်ဖြိုးသု

 နိုင်ငံကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုက တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတွေ၊ ယုံကြည်မှုတွေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဏကြီးက အောင်မြင်တဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းရင်း အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဏကြီးနဲ့ ပိုင်ဖြိုးသုက အခုဆိုရင် အိမ်ထောင်သက်တမ်း (၉) လကျော်ထိ လက်တွဲလာပြီးတာပဲ ဖြစ်ပါတယ်။

 ဏကြီးကတော့ သူ့ထက် (၉) နှစ်ကျော်ငယ်တဲ့ ဇနီးချောလေးကို လိုလေသေးမရှိ ဂရုတစိုက်ချစ်ပြီး လိုအပ်တာမှန်သမျှကို မငြီးမငြူ ဖြည့်စည်းပေးရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပိုင်ဖြိုးသုက သူမတို့ ဇနီးမောင်နှံရဲ့ ချစ်စရာ Conversation လေးကို မျှဝေပေးထားတာကိုတွေ့ရပါတယ်။ ထို Conversation မှာ စားချင်တာတွေများပြီး ဝေခွဲမရဖြစ်နေတဲ့ ပိုင်ဖြိုးသုအတွက် ဏကြီးရဲ့ အလိုက်သိမှုလေးကို တွေ့မြင်ရမှာပါ။

စားချင်တာတွေများလို့ ဝေခွဲမရဖြစ်နေတဲ့ ပိုင်ဖြိုးသုကို အကုန်ဝယ်လာမယ်ဆိုပြီး အလိုက်တသိပြောခဲ့တဲ့ ဏကြီး




ပိုင်ဖြိုးသုကတော့ အလိုလိုက်လွန်းတဲ့ ခင်ပွန်းကြောင့် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းရမှာ အသေအချာပါပဲ။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးကိုဖတ်ရင်း ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကို အားကျနေကြမယ် ထင်ပါတယ်နော်။

Rowena
Source: Paing Phyo Thu's fb

POPULAR POSTS

ads