Breaking

Friday, September 13, 2019

အိပ်ယာထခါစ မျက်နှာပြောင်နဲ့တောင် အရမ်းလှတဲ့ ချစ်ဇနီးလေးကို ချစ်မဝဖြစ်နေတဲ့ ရွှေထူး

 အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အပေါ်ယံကြည့်ပြီး ဝေဖန်နေကြသူတွေကို မမှုပဲ ပရိသတ်တွေနဲ့ သူတို့ကို ချစ်ကြတဲ့ သူတွေအတွက်သာ ဘဝကို အကောင်းဆုံးဖြတ်သန်းပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဖန်တီးထားကြတာပါ။ လတ်တလောမှာတော့ ရွှေထူးက အိပ်ယာထခါစ မိတ်ကပ်မပါတဲ့ မျက်နှာပြောင်နဲ့တောင် အရမ်းလှနေတဲ့ ချစ်ရတဲ့ ဇနီးလေးရဲ့ပုံကိုတင်ပြီး အရမ်းချစ်တဲ့အကြောင်း ထုတ်ပြောလာတာ တွေ့ရပါတယ်။ သူမမသိအောင် ရိုက်ထားတဲ့ ပုံလေးမှာတောင် အရမ်းလှနေတဲ့ ရွှေမှုံလေးကတော့ တကယ့်ကို သဘာဝအလှတရား ပိုင်ရှင်လေးပါပဲနော်။

 ရွှေထူးကတော့ သူ့ဇနီးချောလေးရဲ့အိပ်ယာထကာစ ပုံလေးနဲ့အတူ "ချစ်တယ် မိန်းမရယ်" ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ (၁၁) ရက်နေ့က မင်္ဂလာပွဲဆင်နွှဲခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။အိမ်ထောင်ကျပြီးမှတောင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ရွှေမှုံရတီကတော့ လက်ရှိမှာ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေပြီး၊ ရုပ်ရှင်တွေ ရိုက်ကူးဖို့လည်း လက်ခံထားတာတွေ ရှိတယ်လို့ သိရပါတယ်။



အမြဲလိုလို ကျန်းမာရေး ချူခြာတတ်တဲ့ ချစ်ဇနီးချောလေးကိုတော့ ရွှေထူးတစ်ယောက် အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ စိတ်ပူနေရတာပါ။ လတ်တလောမှာတော့ ရွှေထူးက 'စစ်ကား" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖြစ်နေတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်လွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံလေးကို ချစ်တယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Htoo Khant's Facebook

POPULAR POSTS

ads