Breaking

Wednesday, September 18, 2019

နေတော်တော် မကောင်းတာ ကြောင့် ချီချီ ရဲ့ ဂရုစိုက်မှုတွေကို ပြန်လို ချင်ကြောင်း ရင်ဖွင့် လာတဲ့ အောင်နွေဦး

 နေခြည်ဦးကတော့ မိတ်ကပ် Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ ” ရန်သူ” ရုပ်ရှင် ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။နောက်ထပ်တစ်ကားဖြစ်တဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာလည်း ပရိသတ်တွေ အားပေးချီးကျူးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

 သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ နဲ့ တွဲဖက်သရုပ်ဆောင် တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ချီချီရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။ရသသစ်တစ်မျိုးဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို သူမရဲ့ ပရိသတ်တွေက အထူးအားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။သူမရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေး နဲ့ (၂)နှစ်ကြာလက် တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ မကြာသေးပါဘူးနော်။ပရိသတ်တွေကလည်း အလွန်အားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးအတွက် စိတ်မကောင်းဖြစ်နေကြတာလို့ ဆိုရမှာပါနော်။

သို့ပေမယ့် နေခြည်ဦးချစ်သူ အောင်နွေဦးကတော့ လတ်တလော မှာ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ချီချီ ကို တရားဝင်တောင်းပန် ခဲ့တာကြောင့် ပရိသတ်တော်တော်များများ ကလည်း ပြန်အဆင်ပြေဖို့အတွက် မှတ်ချက်တွေပေးခဲ့ကြတာပဲ ဖြစ်ပြီး နေ့တိုင်းလက်ဆောင်နဲကပန်းစည်းလှလှလေးတွေကို ချီချီစိတ်ပြေဖို့ နေ့စဉ်ပို့ပေးကာ ချော့နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတော်တော် မကောင်းတာကြောင့် ချီချီရဲ့ ဂရုစိုက်မှုတွေကို ပြန်လိုချင်ကြောင်းကို ” ဖျားပြီ!!!!အောက်ပိုင်း ထိုင်လို့ညောင်းကိုက်တာနဲ့ တုပ်ကွေးဖြစ်လို့ညောင်းကိုက်တာနဲ့ ပေါင်းပြီး တစ်ကိုယ်လုံး အရိုးထဲကပါ ကိုက်ခဲ နေလို့ ကုတင်ပေါ်ကမဆင်းနိုင်ဘူး….သက်ဆိုင်သူ ဂရုစိုက်ပေးပါ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးတို့စုံတွဲ ပြန်အဆင်ပြေစေဖို့ ဆုတောင်းပေး ခဲ့ပါဦးနော်။
crd : celefamily

POPULAR POSTS

ads