ချစ်စရာကောင်းတဲ့ မော်ဒယ်နဲ့ အဆိုတော်တစ်ဦးဖြစ်သူ နန်းသူဇာက ယောကျာ်းလေးပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုပါ ခံရသူလေး ဖြစ်ပါတယ်။ နန်းသူဇာက အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားပြီး အောင်မြင်မှု ရရှိနေသူလေးဆိုလည်း မမှားပါဘူး။ နန်းသူဇာက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေရင်း အဆိုတော် ကျော်ထွဋ်ဆွေနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေလျက် ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ နန်းသူဇာက သူမရဲ့ ရင်တွင်းခံစားချက်အချို့ကို ပရိသတ်တွေဆီ မျှဝေထားတာ တွေ့ရပါတယ်။ နန်းသူဇာက သူမကို ဘောစိဆိုပြီး ပြောဆိုနေကြသူတွေကို ဘောစိလို့မခေါ်ဖို့ အခုလို ပြောလာပါတယ်။"ကိုယ့်ကို အရမ်းအဆင်ပြေနေတယ် ထင်နေကြတယ်။ ကိုယ်ပိုင်ကားတောင် မရှိတော့ပါဘူးနော်။ မိဘတိုက်ခန်းလေးမှာပဲ နေတာပါ။ Closet မပြောနဲ့ မရမက ဖွဲ့ထားရတဲ့ အခန်းတောင် မျက်နှာကျက် ပြိုကျလို့ ထပ်ခိုးမှာ တက်နေနေရတာ ကြာပြီ။ ဘောစိဆိုပြီး လာလာမခေါ်ကြပါနဲ့ " ဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။
နန်းသူဇာကတော့ သူမကို ဘယ်သူတွေက စိတ်မကောင်းဖြစ်အောင် လုပ်နေကြလို့ ဒီလောက်တောင် စိတ်မကောင်းဖြစ်ပြီး ငိုချင်နေရလဲ မသိဘူးနော်။
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သမာအာဇီဝအလုပ်လေးနဲ့ ရိုးရိုးသားသား မကွယ်ဝှက်ပဲ နေထိုင်တာ ဂုဏ်အရှိဆုံးပါပဲ။ အဲ့ဒါကြောင့် ချစ်ရတဲ့ နန်းသူဇာလေး စိတ်ဓာတ်မကျဖို့ မိုမိုလေးမှ အားပေးလိုက်ပါတယ်နော်။
Rowena
Source: Nann Thuzar's fb
Thursday, September 19, 2019
Home
/
Celebrity
/
ဘောစိလို့ခေါ်နေကြသူတွေသိဖို့ သူမရဲ့ခက်ခဲတဲ့ဘဝအမှန်ကို မကွယ်ဝှက်ပဲ ပြောပြလာတဲ့ နန်းသူဇာ
ဘောစိလို့ခေါ်နေကြသူတွေသိဖို့ သူမရဲ့ခက်ခဲတဲ့ဘဝအမှန်ကို မကွယ်ဝှက်ပဲ ပြောပြလာတဲ့ နန်းသူဇာ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity