Breaking

Wednesday, September 18, 2019

"သူများအရုပ်ကို လာကိုက်နေတယ်" ဆိုပြီး မြင့်မြတ်ကို စနောက်လိုက်တဲ့ သက်မွန်မြင့်

 နိုင်ငံကျော် မင်းသမီးချောလေး သက်မွန်မြင့်ဟာ သရုပ်ဆောင်ကောင်းမွန်ပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးပါ။ သူမရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်ပြီး အားပေးကြတာကြောင့် သက်မွန်မြင့်ဟာ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။ သက်မွန်မြင့်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆) ရက်နေ့ကတော့ သက်မွန်မြင့်က "ဘာလာလာ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ခဲ့ပါတယ်။ ထိုပွဲမှာ သက်မွန်မြင့်ကို ဓာတ်ပုံဆရာက ရိုက်ပေးလိုက်တဲ့ပုံက မထင်မှတ်ပဲ ရယ်စရာ ဖြစ်သွားခဲ့ပါတယ်။သက်မွန်မြင့်တစ်ယောက် ပရိသတ်တွေပေးတဲ့ အရုပ်ကိုကိုင်ထားတဲ့ပုံက အနောက်က မြင့်မြတ် ပါးစပ်ဟထားတဲ့ ပိုစတာက ပုံနဲ့ ကွက်တိကျပြီး ရယ်စရာ ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

"သူများအရုပ်ကို လာကိုက်နေတယ်" တဲ့ 😛 ပြောတတ်လိုက်တာ သက်မွန်ရယ် 😂😂😂



သက်မွန်မြင့်ကတော့ ပရိသတ်တွေကို ရယ်မောရအောင် မြင့်မြတ်ကို စနောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတဲ့ မြင့်မြတ်နဲ့ သက်မွန်မြင့်တို့ရဲ့ အဖြစ်လေးကို သဘောကျရင် Like  & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Thet Mon Myint's fb

POPULAR POSTS

ads