Breaking

Wednesday, September 18, 2019

“အိမ်အသစ်ကြီးမှာ သူငယ်ချင်းတွေနဲ့ ပါတီပွဲကြီးကျင်းပခဲ့တဲ့ ပိုပို “

 ပိုပိုကတော့ အနုပညာလောကမှာ အောင်မြင်ကြော်ကြားမှုရရှိနေတဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။သူမဝါသနာပါတဲ့ သီချင်းတွေကို သီဆိုပြီး အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာကြောင့်လည်း အနုပညာလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ နေရာတစ်ခုရရှိထားတာပါ။ ယောက်ျားလေး မိန်းကလေးမရွေးနှစ်သက်အားပေးကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေတာလည်းအမှန်ပါပဲ။

 ပိုပိုက သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးပြီး ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုလေ့ရှိနိုင်တာဖြစ်သလို သူမကိုယ်တိုင်ရေးစပ်သီဆိုတဲ့ သီချင်းအပုဒ်တိုင်းလိုလိုက ပရိသတ်တွေရင်ထဲကို ရောက်ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကြတဲ့ သီချင်းတွေဆိုလည်းဆိုရမှာပါ။သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ပြီး ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာလေးနဲ့ သူမရဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ထားနိုင်ပြီး ကိုယ်ပိုင်စတူရီယိုလေးတစ်ခုကိုလည်းဖွင့်လှစ်ထားပါသေးတယ်။






မနေ့က စက်တင်ဘာလ (၁၇)ရက်နေ့ ညလေးမှာတော့ ပိုပိုက သူမရဲ့ အိမ်အသစ်ကြီးမှာ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး ပါတီပွဲလေးကျင်းပပြုလုပ်ခဲ့တဲ့ အကြောင်းကို “မထင်မှတ်ပဲ House Party ဖြစ်သွားတာ မနေ့ည အရမ်း ပျော်ပါတယ်နော်။မဖိတ်ဖြစ်တဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေ ခရီးသွားနေတယ် ထင်လို့ပါ။စိတ်မဆိုးပါနဲ့နော်။”လို့ မဖိတ်မိလိုက်တဲ့ သူငယ်ချင်းတွေကိုလည်း စိတ်မဆိုးဖို့တောင်းပန်ထားပါသေးတယ်။ပိုပိုကတော့ သူငယ်ချင်းတွေနဲ့ နောက်ထပ်လည်း ပါတီပွဲကြီးတွေကျင်းပသွားဦးမှာပါလို့လည်း ပြောထားပါသေးတယ်။Soure ; ဝတ်ရည်မိုး
credit-Chilli – CeleGabar

POPULAR POSTS

ads