အနုပညာပိုင်းမှာ ထူးချွန်လွန်းလို့ ဆယ်စုနှစ်တစ်ခုမက အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်လွန်းသူတစ်ဦးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေရဲ့မျက်စိကျခြင်းကိုလည်း ခံထားရသူတစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ နာမည်ကြီး ကုန်ပစ္စည်းတွေရဲ့သံတမန်ခန့်အပ်ခြင်းကိုလည်း ခံထားရသူတစ်ဦးပါ။ လတ်တလောမှာတော့ စိုင်းစိုင်းက ထိုင်းနိုင်ငံရဲ့အဓိက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dtac ကြော်ငြာရိုက်ဖို့ ဘန်ကောက်ကို ရောက်ရှိနေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကြော်ငြာသွားရိုက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အရမ်းကို ခန့်သန့်ပြီး ကြည့်ကောင်းနေတာပါနော်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ "ထိုင်းနိုင်ငံရဲ့ အဓိကဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dtac ကြော်ငြာရိုက်ဖို့ ဘန်ကောက်မှာရောက်နေတာပါခင်ဗျာ " ဆိုပြီး ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ဘက်စုံထူးချွန်သူတစ်ဦးလို့တောင် ပြောလို့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ကြော်ငြာရိုက်ကူးရင်လည်း အထာကျကျနဲ့ အမိုက်စား ရိုက်ကူးရေးလုပ်တတ်သူတစ်ဦးပါပဲနော်။
အချိန်တွေ နောက်ပြန်ဆုတ်ထားသလားလို့တောင် ထင်ရလောက်အောင် နုလွန်းသူကြီး စိုင်းစိုင်းခမ်းလှိုင်...။
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိမှာ ရှိုးတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့အပြင်၊ ချစ်စရာကောင်မလေး ပိုးမမှီသာနဲ့အတူ "ပီတောက်ကတဲ့ ဂီတ" ရုပ်ရှင်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြော်ငြာရိုက်ကူးနေတဲ့ စိုင်းစိုင်းရဲ့ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Sai Sai Khem Hlaing's Facebook
Friday, September 13, 2019
Home
/
Celebrity
/
ထိုင်းနိုင်ငံရဲ့အဓိက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှာ ကြော်ငြာရိုက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
ထိုင်းနိုင်ငံရဲ့အဓိက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှာ ကြော်ငြာရိုက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity