Breaking

Saturday, September 14, 2019

ပထမဆုံးဇာတ်လမ်းတွဲ "ပျောက်ဆုံးနေသောအမှန်တရား" အတွက် ရင်ခုန်နေတဲ့ နော်ဖော်အယ်ထား

 ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး နော်ဖော်အ်ာထားကတော့ Photo Model တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာသူပါ။ ကရင်နဲ့ ရှမ်းသွေးပါတဲ့ ချစ်စရာ မိန်းကလေး နော်ဖော်အယ်ထားကို ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ လက်ရှိမှာလည်း နောဖော်အယ်ထားက Photo Model တစ်ယောက်အပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

 မကြာခင်မှာတော့ နော်ဖောအယ်ထားရဲ့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ "ပျောက်ဆုံးနေသောအမှန်တရား" ဇာတ်လမ်းတွဲက စတင်ထုတ်လွှင့်တော့မှာမို့ နော်ဖော်အယ်ထားက တော်တော်လေး ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။နော်ဖောအယ်ထားကတော့ မနေ့က စက်တင်ဘာလ(၁၄) ရက်နေ့က ရန်ကုန်မြို့ Juction City JCGV Cinema မှာ ကျင်းပတဲ့ "ပျောက်ဆုံးနေသောအမှန်တရား" Premiere Show ကို တက်ရောက်ခဲ့ပါတယ်။




နော်ဖောအယ်ထားရဲ့ ပွဲတက်ပုံရိပ်လေးက ချစ်စရာကောင်းပြီး ရိုးရိုးလေးနဲ့ အရမ်းလှတာမို့ မိုမိုလေး ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။"ပျောက်ဆုံးနေသောအမှန်တရား" ဇာတ်လမ်းတွဲမှာ လူမင်း၊ ထူးအောင်၊ ဘုန်းဆက်သွင်၊ မေမြင့်မိုရ်၊ နော်ဖော်အယ်ထား၊ အောင်ရဲထိုက်၊ သွန်းသစ္စာဇော်၊ လပြည့်၊ စိုပြေမြင့်၊ အောင်ခန့်မှူးနဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။

နော်ဖောအယ်ထားကတော့ ထိုဇာတ်လမ်းတွဲမှာ သုဒြာဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။"ပျောက်ဆုံးနေသောအမှန်တရား" ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာလ(၁၉) ရက်နေ့ကစပြီး MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာမို့ နော်ဖော်အယ်ထားကို ချစ်တဲ့ ပရိသတ်တွေ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Naw Phaw Eh Htar's fb
Photo: Khant Nyar Thaw

POPULAR POSTS

ads