Breaking

Friday, September 13, 2019

မြင်သူစိတ်ထဲအေးချမ်းဖို့ မြန်မာဆန်ဆန်လေးဝတ်ဆင်စို့ဆိုတဲ့ ဘေဘီမောင်

 မိန်းကလေးတစ်ယောက် မြန်မာဝတ်စုံလေးဝတ်ဆင်ထားရင် ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါ။ မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ရတာ ဝါသနာပါတဲ့ ဘေဘီမောင်ကတော့ လတ်တလောမှာ မြင်ရသူတွေရဲ့စိတ်ထဲ အေးချမ်းစေဖို့ မြန်မာဆန်ဆန်လေး ဝတ်ဆင်ကြဖို့ တိုက်တွန်းလိုက်တာ တွေ့ရပါတယ်။ ဘေဘီမောင်ကတော့ မြန်မာဆန်တဲ့ လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလေးမို့ ဘယ်လို မြန်မာဝတ်စုံလေးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ မင်းသမီးလေးတစ်ဦးပဲ ဖြစ်ပါတယ်နော်။

  ဘေဘီမောင်ကတော့ "မြင်သူစိတ်ထဲအေးချမ်းဖို့ မြန်မာဆန်ဆန်လေးဝတ်ဆင်စို့💕" မြန်မာအမျိုးသမီးတွေကိုလည်း မြင်ရသူတွေ စိတ်အေးချမ်းစေဖို့ ယဉ်ယဉ်လေးဝတ်ဖို့ တိုက်တွန်းထားတာပါ။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ဘေဘီမောင်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်ခုရဖို့ သူမကိုယ်တိုင် အချိန်တွေပေးဆပ်ပြီး ကြိုးစားခဲ့ရသူလေးဆိုလည်း မမှားပါဘူးနော်။


နွေးထွေးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ မိဘတွေကိုလည်း ပြန်ထောက်ပံ့နေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။ သူမကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အချစ်ရေးမှာ ကံကောင်းသူလေးဆိုလည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာဆန်ဆန်လေး လှချင်တိုင်းလှနေတဲ့ ဘေဘီမောင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Baby Maung's Facebook

POPULAR POSTS

ads