Breaking

Friday, September 13, 2019

” ရိုက်ကွင်းမှာ လက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ခြူးလေး “

 ခြူးလေးကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ ပင်တိုင်မင်းသမီးတစ်ဦး အနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ ချိုသာတဲ့အသံလေးတွေကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရသူလည်း ဖြစ်သလို ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်တတ်သူဖြစ်ပြီး ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။

 သူမကတော့ ” ထာဝရမန္တလေး ” ဇာတ်လမ်းတွဲကြီးထဲမှာ ” ငွေရည်နှင်းစက် ” နေရာမှ ပီပီပြင်ပြင်သရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ” ချစ်ရပါသောနွေ ” ရုပ်သံဇာတ်လမ်းတွဲကြီးမှလည်း “ချစ်နွေ” ဆိုတဲ့ ဇာတ်ကောင်နဲ ပရိသတ်တွေရဲ့ ကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန်လေးတွေနဲ့ TikTok အမြဲဆော့တတ်တဲ့သူမကတော့ လတ်တလောမှာ သူမဆော့ထားတဲ့ ဗီဒီယိုတခုမှာ ၀တ်စားထားပုံနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။



လတ်တလောမှာတော့ ရုပ်သံဇာတ်လမ်းတွဲသစ်ကြီးကို ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ခြူးလေးကတော့ ရိုက်ကွင်းမှာ မတော်တဆ ခိုက်မိကာ လက်ကိုထိခိုက်သွားသဖြင့် ပတ်တီးတောင်စည်းထားရပါတယ်။ လက်ထိခိုက်ထားတဲ့ ဒဏ်ရာမှာ နာကျင်ကိုက်ခဲနေတာကို ” Shooting အမှတ်တရပေါ့ ခုမှသေလောက်အောင်နာရလား” လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ် အကောင့် My Day မှာတင်ထားလို့ ပရိသတ်တွေကလည်း စိတ်ပူနေကြပါတယ်။ CeleGabar ပရိသတ်ကြီးထဲမှာ ခြူးလေးရဲ့ ပရိသတ်တွေရော စိတ်ပူနေကြပြီလား။Source: Chue Chue
DarDar-CeleGabar

POPULAR POSTS

ads