Breaking

Saturday, September 21, 2019

အိမ်သစ်တက်ပွဲမှာ ရွာကြီး(၃)ရွာစာ မီးခိုးတိတ်ကျွေးမွေးဧည့်ခံဖို့ ပြင်ဆင်နေတဲ့ ဖြူဖြူထွေး

 ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် နာမည်ကြီးလာရာမှ အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဖြူဖြူထွေးက အခုဆိုရင် ဖျော်ဖြေရေးပွဲတွေကို လက်မလည်အောင် ဖျော်ဖြေတင်ဆက်ပေးနေရင်း မိသားစုကို စောင့်ရှောက်ပြုစုပေးနေတာပဲ ဖြစ်ပါတယ်။

 အောင်မြင်လာတာနဲ့အမျှ ကျေးဇူးရှင်မိဘတွေနဲ့ လူကြီးတွေကို သိတတ်ရိုသေတဲ့ ဖြူဖြူထွေးက သူမရဲ့ ကံ၊ ဥာဏ်၊ ဝီရိယ အားထုတ်မှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံများစွာ ရှာဖွေနိုင်သူ ဖြစ်နေပါပြီ။ အဲ့ဒါကြောင့်လည်း အခုဆိုရင် သူမမိဘတွေရှိရာ ဇာတိရွာလေးမှာ တိုက်အိမ်လေးဆောက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




ဖြူဖြူထွေးက သူမရဲ့ အိမ်သစ်တက်ပွဲကြီးမှာ ရွာသုံးရွာ မီးခိုးတိတ်ကျွေးမွေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖြူဖြူထွေးက သူမရဲ့ အလှူလေးကို "အယုတ်၊ အလတ်၊ အမြတ် မရွေး အလှူပွဲကိုလာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်" ဆိုပြီး ဖိတ်ခေါ်ထားပါသေးတယ်။ဖြူဖြူထွေးကတော့ ရိုးသားတဲ့ ဂုဏ်လေးနဲ့ ကြိုးစားအလုပ်လုပ်ကိုင်လာရာ သာမာန်ကျောင်းသူဘဝကနေ ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားကြီး ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်လာတာ အားကျစရာပါပဲ။
ဖြူဖြူထွေးက ရွာသုံးရွာစာ မီးခိုးတိတိကျွေးမွေးဖို့ သူမကိုယိတိုင် ပါဝင်ချက်ပြုတ်နေတာ ပီတိဖြစ်စရာပါပဲနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဖို့ မမေ့ပါနဲနော်။

Rowena
Source: Phyu Phyu Htwe's fb

POPULAR POSTS

ads