ပရိသတ်တွေအတော်လေးစိတ်ပူခဲ့ရတဲ့ ဆုမြတ်နိုးဦးရဲ့ ယာဉ်မတော်တဆမှုမှာ သူမကားတစ်စီးလုံး ပျက်ဆီးဆုံးရှုံးခဲ့ပေမယ့် သူမကလက်ကျိုးတာလေးဘဲ ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူမဟာ ပရိသတ်ကိုချပြချိန်မှာ ဖြစ်ပြီးလို့ ၁၀ရက်ကြာနေချိန်ဖြစ်ပြီး ဆေးရုံကဆင်းတဲ့အချိန်လဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က လဲ သူမ ဆေးရုံမှာ ဆရာဝန်တွေကို လိမ်ပြောမိခဲ့တယ်လို့ ဆိုပြီး လိမ်ပြောမိတဲ့အကြောင်းအရင်းကိုလဲ ပြောပြလာပါတယ်။
သူမပြောပြခဲ့တာကတော့ '' လက်ကတော်တော်လေးတော့ကောင်းနေပါပြီ ။ အလေးအပင်မလို့မရသေးတာတစ်ခုဘဲ သတိတော့ထားနေရတယ် ။အက်စီးဒင့်ဖြစ်ပြီး နောက်တစ်ပတ်မှာကားရိုက်ဖို့ ပြောထားပေမယ့် အဲ့ဒါတော့ဖျက်လိုက်ရတယ် ။ တစ်လလောက်တော့နားလိုက်ရတယ်။ ခုသက်သာတဲ့အချိန်နဲ့ ဒီကားရိုက်ဖို့ဖြစ်လာတာနဲ့ ကွက်တိဖြစ်သွားလို့ပါ '' လို့ဆိုပြီး အဆောင် အိမ်မက်နိဒါန်း ရုပ်သံဇာတ်လမ်းတွဲရဲ့ ကန်တော့ပေးပွဲမှာပြောပြခဲ့တာပါ။
အဲ့ဒီနောက် သူမ ဆရာဝန်တွေကို လိမ်ညာမိတဲ့အကြောင်းကလဲ '' လိမ်ပြောခဲ့တာလားဆိုတော့ ဒါကားအက်စီဒင့်ဖြစ်တာဆိုတော့ လက်ကလဲ မရမ်းနာနေပြီ သွားလို့ရှိရင်ချက်ခြင်းမကုပေးဘဲ နေမလားမသိဘူးလို့ အတူလိုက်လာတဲ့ သအကိုကြီးကပြောတော့ တံခါးညပ်တယ်လို့ဘဲ ပြောလိုက်ပါဆိုလို့ အဲ့လိုပြောလိုက်တာ နောက်တော့သိသွားတာပါဘဲ နံရိုးကလဲ အောင့်နေတော့ ဆေးထပ်စစ်ရတယ်လေ ''
" ကံကောင်းထောက်မစွာနဲ့ ကားကတော့ အရမ်းဖြစ်သွားတယ်မြင်တဲ့သူတိုင်းက ကားထဲကလူသေပြီလို့ထင်ကြတယ် လက်ကျိုးတာလေးဘဲ ဖြစ်သွားတာဆိုတော့ ငါတော်သေးတယ် ဘာမှသိပ်မဖြစ်သွားဘူးဆိုပြီးအဲ့လောက်ပါဘဲ ညာဘက်လက်ဖြစ်တာဆိုတော့ ဖြစ်ဖြစ်ချင်းက ဖုန်းသုံးလို့လဲမရတော့ ဖေ့ဘုတ်ပေါ်မတင်ဖြစ်ဘူး '''' စိတ်ပူပေးတဲ့ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ် တကယ်တင်ဖြစ်တဲ့ အချိန်ကဆေးရုံကဆင်းတဲ့ အချိန်ဖြစ်နေတော့ ခုချိန်ထိလဲ အပြင်မှာတွေ့ရင် သတင်းမေးနေကြဆဲမို့ တစ်ယောက်ဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်'' လို့လဲ ဆက်လက်ပြောကြားခဲ့ပါတယ်။ဖတ်ရှု့ပေးသူအားလုံးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော် ။
May Phyo(mml)
Source - momolay tv
Friday, September 13, 2019
ယာဉ်တိုက်မှုဖြစ်တာကို လိမ်ပြောခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity