Breaking

Friday, September 20, 2019

ရင်တွေတုန်ရအောင် ပျော်ရတဲ့အပျော်လေးတစ်ခုကို မျှဝေလာတဲ့ ခင်လှိုင်

 နိုင်ငံကျော် ဇာတ်ပို့်သရုပ်ဆောင်ကြီးဖြစ်တဲ့ ခင်လှိုင်က အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ ရရှိနေသူဖြစ်ပါတယ်။ ခင်လှိုင်က အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အများအပြား ရရှိထားပါတယ်။ ခင်လှိုင်က အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် ဒါရိုက်တာအလုပ်ကိုပါ လုပ်ကိုင်နေလျက်ရှိတာကိုတွေ့ရပါတယ်။

 ဒီနေ့မှာတော့ ခင်လှိုင်က သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ "ချိုးရုပ်" ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသခွင့်ရရှိလို့ ဝမ်းသာနေတာ တွေ့ရပါတယ်။ ခင်လှိုင်က သူ့ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာပီတိစကားလေးကို အခုလိုပဲ မျှဝေထားပါတယ်။"ဒီနေ့ကျွန်တော်ဘဝအတွက် အပျော်ရွှင်ဆုံးနေ့ရက်တွေထဲက ရင်တွေတုံနေအောင်ပျော်ရတဲ့ အပျော်တွေရသောရက်ပါ။ ကျွန်တော် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ နှစ်ကားထဲက ချိုးရုပ် ဇာတ်ကားကြီးကိုပြသခွင့်ပြုလိုက်ပါပြီ။ ပြသခွင့်ပြုပေးခဲ့သော မင်္ဂလာ Group မှတာဝန်ရှိလူကြီးမင်းများကိုအထူးကျေးဇူးတင်ပါတယ်။"





"ကျွန်တော့်ကို ယုံကြည်စွာဖြင့် အနုပညာဖန်တီးတင်ပြခွင့်ပေးခဲ့သော အောင်သီရိရုပ်ရှင်ထုပ်လုပ်ရေးကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ချစ်မိတ်ဆွေတို့ရေ ကျွန်တော်တတ်သမျှမှတ်သမျှကြိုးစားထားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး 17.10.2019 မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာပြသပါတော့မယ်။ အားပေးဝန်းရံ အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။" ဆိုပြီး ပြောပြလာပါတယ်။"ချိုးရုပ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ တိုင်ရွန်၊ ခင်လှိုင်၊ ဂျိုကာ၊ ကြက်ဖ နဲ့ အိချောပိုတို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။"ချိုးရုပ်" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၁၇) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source Khin Hlaing's fb

POPULAR POSTS

ads