Breaking

Friday, September 20, 2019

မိန်းကလေးပရိသတ်တွေ မနာလိုသွားအောင် မိုးဟေကိုရဲ့အလှကို တင်စားလိုက်တဲ့ ပိုင်တံခွန်

 အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကြင်​နာတတ်​တဲ့ စိတ်​ထားကို ပိုင်ဆိုင်ထားတာကြောင့်​ မြန်​မာနိုင်​ငံက​ရော ထိုင်းနိုင်​ငံက နှုတ်​ခမ်းနီမ​လေး​တွေပါ သဲသဲလှုပ်​ချစ်​ကြတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​ညို့အားပြင်းတဲ့ မင်းသားတစ်​ဦးပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာတော့ ပိုင်တံခွန်​က စီနီယာ မမတစ်ဦးဖြစ်တဲ့ မိုးဟေကိုနဲ့ ရိုက်ကွင်းတစ်ခုမှာဆုံတုန်း အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ပိုင်တံခွန်ကတော့ အဆိုပါပုံတွေနဲ့အတူ မိုးဟေကိုရဲ့အလှကို တင်စား ညွှန်းဆိုထားတဲ့ စာသားလေးကိုလည်း တင်ထားပါသေးတယ်။

 ပိုင်တံခွန်ကတော့ "မနေ့ညက ရွာတဲ့မိုးတောင် မ လောက် ကဗျာမဆန်ဘူး" ဆိုပြီး သဘာဝတရားကြီးရဲ့အလှအပထက်တောင် မမမိုးက ပိုလှတဲ့အကြောင်း တင်စားထားတဲ့ စာလေးနဲ့ သူတို့နှစ်ဦးရဲ့ပုံလေးတွေကို ဝေမျှပေးထားတာပါ။ အခုအချိန်အထိကို လှပလန်းဆန်းနေဆဲဖြစ်တဲ့ မိုးဟေကိုကတော့ ဒီနေ့ခေတ် မော်ဒယ်မလေးတွေ ရှုံးလောက်အောင် လှရက်လွန်းပါတယ်နော်။ပိုင်တံခွန်နဲ့ မမမိုး ဘယ်လောက်တောင် လိုက်ဖက်ညီနေလဲမေး...။



အခုဆိုရင် ထိုင်းနိုင်ငံရဲ့နာမည်ကြီး အနုပညာရှင်တွေနဲ့ပါ အလုပ်အတူတွဲလုပ်နေရပြီဖြစ်တဲ့ ပိုင်တံခွန်ကတော့ စီနီယာတွေဆိုလည်း တလေးတစား ဆက်ဆံတတ်တဲ့ စိတ်ထားလေးရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ ပိုင်တံခွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရိုက်ကွင်းတစ်ခုမှာ လိုက်ဖက်ညီစွာ တွေ့ရတဲ့ မိုးဟေကိုနဲ့ ပိုင်တံခွန်တို့ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။



Myint Myat

Source;Paing Takhon's Facebook

Photo;Htet Paing Ye

POPULAR POSTS

ads