တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းစနောက်တတ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို နောက်ပြောင်ကျီစယ်ရင်း ကြည်နူးစရာလေးတွေကို ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ သိသိသာသာ ဝလာတဲ့ ခင်ပွန်းဖြစ်သူကို ဖက်တီးဆိုပြီး စနောက်လိုက်တာ တွေ့ရပါတယ်။ ဝလာတယ်ပြောတာ မကြိုက်တဲ့ ရွှေထူးတစ်ယောက် ဇနီးလေးရဲ့အခေါ်အဝေါ်ကိုတော့ တော်တော်လေး သဘောကျနေတာ တွေ့ရပါတယ်။
ရွှေထူးကတော့ "ဝနေတာသိပါတယ် ...ဝလာတယ်နော်တွေဘာတွေမပြောသင့်ပါ 😑" ဆိုပြီး စာလေးတစ်ခုကို လူမှုကွန်ယက်မှာ တင်ထားတာပါ။ အဆိုပါ ပိုစ့်အောက်မှာတော့ ရွှေမှုံလေးက "က လေး ဖက်တီးလေး❤️🤪" ဆိုပြီး ခင်ပွန်းကို စနောက်ထားတာပါ။ တစ်ခြားသူ ဝလာတယ်ပြောရင်တော့ မကြိုက်တဲ့ ရွှေထူးတစ်ယောက် ချစ်ဇနီးလေးရဲ့နာမည်ပြောင်ကိုတော့ တော်တော်သဘောကျနေပုံပါပဲနော်။ရွှေထူးကတော့ "ချစ်လို့လား အချောလေး" ဆိုပဲနော်။
အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ လက်ရှိမှာ ကိုယ်စီ အနုပညာအလုပ်တွေ ကြိုးစားရင်း သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
credit-Myint Myat
Wednesday, September 11, 2019
သိသိသာသာ ဝလာတဲ့ ခင်ပွန်းကို ဖက်တီးလို့ခေါ်ပြီး စနောက်လိုက်တဲ့ ရွှေမှုံရတီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity