Breaking

Sunday, September 15, 2019

ပရိသတ်တွေ မချစ်ပဲနဲ့မနေနိုင်တဲ့ Bo Peep အရုပ်မလေး Bobby Soxer

 ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ လူငယ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Bobby Soxer က သူမရဲ့ ပြောင်မြောက်လှတဲ့ အနုပညာ အရည်အသွေးကြောင့် အောင်မြင်နေတာ ဖြစ်ပါတယ်။ Bobby Soxer က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Bobby Soxer က ကိုယ်ပိုင်ပေ့ခ်ျလေးထောင်ပြီး ဂိမ်းတွေဆော့ပြတဲ့ Streamer တစ်ယောက်အနေနဲ့လည်း ရပ်တည်နေပါတယ်။

 ဒီနေ့မှာတော့ Bobby Soxer က Toy Story ကာတွန်းကားထဲက အရုပ်မလေး Little Bo Peep လို ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ သူမရဲ့ ပုံရိပ်လေးကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။Bobby Soxer က ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့မှာတော့ လွှမ်းပိုင်နဲ့အတူတူ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးလေး Scarlett ရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။



Scarlett ရဲ့ မွေးနေ့ပွဲမှာ လွှမ်းပိုင်နဲ့ Bobby Soxer က Toy Story ကာတွန်းကားထဲက Sheriff Woodey နဲ့ Little Bo-Peep ကာရိုက်တာပုံစံအတိုင်း ဝတ်ဆင်လာတာ ဖြစ်ပါတယ်။Bobby Soxer ကတော့ တကယ်ကို Bo Peep လေးအတိုင်း ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း Bobby Soxer ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Bobby Soxer's fb

POPULAR POSTS

ads