Breaking

Thursday, September 12, 2019

မြမြ ဇာတ်ကားမှာ မင်းသားအဖြစ် ပါဝင်မယ့် Dee Dee

 လက်တလောမှာ ပရိသတ်ကြား စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မြမြ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သွားမယ့် သရုပ်ဆောင် မင်းသား တစ်ယောက်ကိုတော့ ကြေညာလိုက်ပါပြီ။ပြီးခဲ့တဲ့ရက်တွေမှာတော့ မြမြ နေရာမှာ သရုပ်ဆောင် မယ့် မင်းသမီး နေရာမှာ သင်ဇာဝင့်ကျော် လို့ကြေညာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ မြမြကို မုဒိမ်းကျင့်မယ့် လူကြမ်း သရုပ်ဆောင် မင်းသား (၃) ယောက်ကို ကြေညာခဲ့ပါတယ်။အခုတစ်ခါမှာတော့ ဒီဇာတ်ကားမှာ ပါဝင် သွားမယ့် သရုပ်ဆောင် မင်းသား နှစ်ယောက်ထဲက တစ်ယောက်ကို ကြေညာလိုက်ပါတယ်။သူကတော့ တခြားသူမဟုတ်ပါဘူး။Dee Dee Burmese Vlog ရဲ့ ဒီးဒီး ပါ။

 ဒီအကြောင်းကိုတော့ မြမြ ရုပ်ရှင်ဇာတ်ကားရဲ့ Fb မှာ တင်ထားသလို ဒီးဒီးကလည်း သူ့ရဲ့ Dee Dee Burmese Vlog မှာ ပြန်လည် ဝေမျှထားပါတယ်။

“လူကြမ်းတွေရှိရင် မင်းသားလည်းရှိရတာပေါ့လေ..
သူက မြမြ ရုပ်ရှင်ကားမှာပါဝင်လာမယ့် မင်းသားနှစ်ယောက်ထဲက တစ်ယောက်ပါ၊
မင်္ဂလာပါ ဒီးဒီး၊ မြမြ မှကြိုဆိုပါတယ်…………..” ဆိုတဲ့ Post ကို ဒီးဒီးက ရှယ်ပြီး”မြမြရုပ်ရှင်ဇာတ်ကား က ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံး ရုပ်ရှင်ပါ။အများကြီးကြိုးစားပါမယ်။ 😍😍 အားပေးပါနော်။……….”  ဆိုပြီး ပြောထားပါတယ်။


မြမြ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာညိုမင်းလွင်ကရိုက်ကူးပုံဖော်မှာပါ။ရိုက်ကူးရေးတွေကိုတော့ (၁၀.၉.၂၀၁၉) မှာ စတင်သွားမှာပါ။သင်ဇာနဲ့ တွဲဖက်သရုပ်ဆောင်မယ့် မင်းသားနှစ်ယောက်ထဲက တစ်ယောက်က ဒီးဒီး ဖြစ်ပြီး နောက် တစ်ယောက်က ဘယ်သူဖြစ်လာမလဲ ဆိုတာကိုတော့ ပရိသတ်တွေ အားလုံးက သိချင်နေကြပါတယ်။
Source: မြမြ၊Dee Dee Burmese Vlog

POPULAR POSTS

ads