Breaking

Friday, September 13, 2019

Fan Meeting လာမယ့် ပရိသတ်တွေကို Passport ယူလာဖို့ သတိပေးလိုက်တဲ့ စမိုင်းလ်

 ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး စမိုင်းလ်က တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ စမိုင်းလ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေထက် စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပျော်စရာကောင်းပြီး လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ စမိုင်းလ်ကို ပရိသတ်တိုင်းက အားကျနေရတာ ဖြစ်ပါတယ်။

 စမိုင်းလ်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် စမိုင်းလ်က မကြာခင် သူမနဲ့ ရင်းရင်းနှီးနှီး ဆုံတွေ့ဖို့အတွက် Fan meet and greet with Smile ပွဲလေးကို လာမယ့် အောက်တိုဘာလ (၁၂) ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ Fan Meeting ပွဲလေးကို တက်ရောက်မယ့် ပရိသတ်တွေ ရင်ခုန်ရအောင် အခုလို ပြောထားပါတယ်။
"ကဲတစ်လပဲလိုတော့တယ် Smiley တို့ရေ.. Fan meeting ရဲ့( အထူးဆု ) ကံစမ်းမဲနှိုက်ဖို့အတွက် Passport သက်တမ်းရှိတဲ့သူတွေဖြစ်ရပါမယ်နော်။ ၁၂.၁၀.၁၉ Fan meeting ပွဲလေးကိုလာလို့ရှိရင် Passport လေးယူလာခဲ့ဖို့ပြောချင်ပါတယ်။"




"ဒါမှချက်ချင်းပေါက် ချက်ချင်းသွားနိုင်မှာ တော်ပြီ ဆက်ပြောရင်သိတော့မယ် surprise 🤐🤗" ဆိုပြီး ပရိသတ်တွေ ရင်ခုန်ရအောင် လုပ်ထားပါတယ်။
စမိုင်းလ်ရဲ့ Fan Meetibg ပွဲလေးကို လူဦးရေ (၁၅၀) အထိ တက်ရောက်နိုင်ပြီး အခုဆိုရင် သက်မှတ်ထားတဲ့ လူဦးရေစာရင်း ပြည့်သွားပြီလို့ သိရပါတယ်။ Fan Meeting သွားမယ့်လူတွေအတွက် စမိုင်းလ်ရဲ့ Syrprise က ဘာများဖြစ်မလဲ စိတ်ဝင်စားနေပါပြီနော်။

Rowena
Source: စမိုင်းလ် Smile

POPULAR POSTS

ads