စကားပြောရင် အရမ်းယဉ်ကျေးချိုသာပြီး၊ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ သူ့ရဲ့ထူးခြားတဲ့ စန်းကြောင့် လက်ရှိမှာ အောင်မြင်မှုတွေ တစ်ရှိန်ထိုးတက်လာတာပဲ ဖြစ်ပါတယ်။ စကားလည်း အရမ်းတတ်တဲ့ ပိုင်တံခွန်ကတော့ လတ်တလောမှာ ဗိုက်အမြဲဆာတတ်တဲ့ ခင်ဗျားလေးကြောင့် Food Delivery အလုပ်လည်း တတ်ထားတယ်လို့ ချစ်ရတဲ့ ပရိသတ်တွေကို ရည်ရွယ်ပြီး သူ့ရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာလည်း တွေ့ရပါတယ်။ Food Delivery ဝတ်စုံလေးနဲ့ အရမ်းကို ခန့်သန့်နေတဲ့ ပိုင်တံခွန်ရဲ့ပုံရိပ်တွေကတော့ ကြွေချင်စရာပါပဲနော်။
ပိုင်တံခွန်ကတော့ "Food Delivery အလုပ်လည်းတတ်ထားတယ် ဗိုက်အမြဲဆာတတ်တဲ့ ခင်များလေးကြောင့်" ဆိုပြီး အရမ်းကို ချစ်စရာကောင်းတဲ့ စာလေးနဲ့အတူ သူ့ရဲ့အမိုက်စားပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ ကာတွန်းထဲက မင်းသားတွေလို ကြည့်ကောင်းလွန်းတဲ့ ပိုင်တံခွန်ကတော့ မနေ့ကပဲ အသက် (၂၃) နှစ်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ပိုင်တံခွန်က မိဘနှစ်ပါးကို သူ့ချွေးနှဲစာလေးနဲ့ ကန်တော့ခဲ့တာလည်း တွေ့ရပါတယ်နော်။
ပိုင်တံခွန်ကတော့ လတ်တလောမှာ ထိုင်းနိုင်ငံက နာမည်ကြီး အနုပညာရှင်တွေနဲ့လည်း အလုပ်တွေအတူ တွဲလုပ်နေရပြီပဲ ဖြစ်ပါတယ်။ မိဘကို အရမ်းသိတတ်ပြီး၊ အလုပ်တွေ ကြိုးစားလွန်းတဲ့ ပိုင်တံခွန်ကတော့ အောင်မြင်မှုတွေ ဒီ့ထက်ပိုတိုးလာဦးမှာ မလွဲမသွေပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ခန့်ပြီး ချောလွန်းတဲ့ Food Delivery လိုက်ပို့တဲ့ ကောင်လေး ချောချောလေး ပိုင်တံခွန်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Paing Takhon's Facebook
Photo;Htet Paing Ye
Wednesday, September 18, 2019
Home
/
Celebrity
/
ဗိုက်အမြဲဆာတတ်တဲ့ ခင်ဗျားလေးကြောင့် Food Delivery အလုပ်လည်း တတ်ထားတယ်ဆိုတဲ့ ပိုင်တံခွန်
ဗိုက်အမြဲဆာတတ်တဲ့ ခင်ဗျားလေးကြောင့် Food Delivery အလုပ်လည်း တတ်ထားတယ်ဆိုတဲ့ ပိုင်တံခွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity