Breaking

Monday, September 16, 2019

G Fatt ရဲ့အသဲကွဲသီချင်းလေးတွေမျှော်နေမယ်နော် ဆိုတဲ့ အေးဝတ်ရည်သောင်း

 ပရိသတ်တွေကို မြန်မာဝတ်စုံလှလှလေးတွေဝတ်ပြီး ရိုးရိုးယဉ်ယဉ် ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အားပေးမှုတွေ များစွာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် သရုပ်ဆောင် အေးဝတ်ရည်သောင်း ကအသဲကွဲတဲ့ ဖီလင်ကြိုက်လို့ ဆိုပြီး G Fatt ရဲ့ အသဲကွဲသီချင်းလေးတွေ မျှော်နေတယ် ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


 သရုပ်ဆောင်အေးဝတ်ရည်သောင်းက ခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများစွာကို လည်း ရိုက်ကူးနေတာပါ။ ခုလတ်တလော ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြို မယ် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်မှာ ဖြစ်ပြီး ၂၀၂၀ မှ စတင်ရိုက်ကူးဖြစ်မယ်လို့သိရပါတယ်။

ဒီတစ်ခါမှာတော့ အေးဝတ်ရည်သောင်း က G Fatt နဲ့တွဲရိုက်ထားတဲ့ ပုံလေးတင်ရင်း " ဆရာစံမြေးလေးနဲ့တွေ့တုန်းအသဲကွဲသီချင်းလေးတွေမျှော်နေမယ်နော်။ကိုယ်က အသဲကွဲတဲ့ ဖီလင်ကြိုက်လို့ ဘာ။" ဆိုပြီးပြောထားပါတယ်။G fatt ကလည်း "မပေါက်ပေါက် မျက်ရည် ဘူးသီးလုံးလောက် ကျ ချင်လို့လား 😅" ဆိုပြီးပြန်မန့်ထားသလို " G Fatt ဘူးသီးထက်ကြီးတယ်" ဆိုပြီး အေးသောင်းက ပြန်လည်စနောက်ထားပါတယ်။



လက်ရှိမှာတော့ အေးဝတ်ရည်သောင်း က ရွှေဘိုမြို့ ဆိုင်ဖွင့်ပွဲတစ်ခုကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။အေးဝတ်ရည်သောင်း ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။အေးဝတ်ရည်သောင် ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတက်ရှိပါတယ်နော်။

Moekalay
Source;aye thaung

POPULAR POSTS

ads