Breaking

Sunday, September 15, 2019

ချစ်မျက်ဝန်းပိုင်ရှင် Lလွန်းဝါ ကို မှတ်မိကြသေးရဲ့လား

 90’s Born တွေရဲ့ အသည်းစွဲလို့ ပြောရမယ့် ချစ်မျက်ဝန်းပိုင်ရှင် အယ်လွန်းဝါဟာ သီချင်းအေးအေးလေးတွေနဲ့ အရမ်းကိုဖမ်းစားခဲ့တဲ့ သူပါ။ သူ့ရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်နိုင်ရုံတင်မကလဲ တကယ့်ကို ကြွေဆင်းသွားစေတဲ့ စာသားတွေကြောင့် ကောင်လေးတွေရော၊ ကောင်မလေးတွေကပါ ယနေ့အချိန်ထိ ကြိုက်နှစ်သက်နေကြဆဲပါနော်။ သူဟာ လက်ရှိမှာတော့ ကယ်လီဖိုးနီဒယားကို ရောက်ရှိနေထိုင်နေတာဘဲ ဖြစ်ပါတယ်။

 အယ်လွန်းဝါက လွန်ခဲ့တဲ့၂ရက်လောက်က တစ်ချိန်က သူဘတ်စ်ကားစီးရင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို  သတိတရရှိစွာ ပြောပြလာပါတယ်။ သူပြောခဲ့တာကတော့ “ တနေကုန်စီး ၅ကျပ်ပဲ  ပေါ့တလန်း ဝိုင်ဘီအက်စ် အဆို တော်မဖြစ်ခင် .... ငယ်စဉ်က ဆေးကျောင်းတက်စက ဘတ်စ်ကားစီးခဲ့သော အချိန်များသို့ ပြန်တမ်းတမိ လွမ်းမောမိ ...." အချစ်မျက်ဝန်း" အခွေထွက်ခါစအချိန် အယ်လ်လွန်းဝါကို ပရိသတ်တွေ အထီးလား အမလား မကွဲပြားသေးချိန်ပေါ့ ... ဘယ်သူမှ ငါ့မသိပါဘူး အေးဆေးပဲ အဲ့တုန်းက ဘယ်သွားသွား ဘတ်စ်ကားပဲလေ ...တက်စီစီးရင် မုန့်ဖိုးလစ်သွားမှာစိုးလို့ ကျနော် ပဲခူးကလပ်ကနေ စိုက်ပျိုးရေးထိ ဘတ်စ်ကားစီးပီး ဆေးကျောင်းတက်တယ်”


“တနေ့တော့ အဲ့လိုစီးနေရင်းကနေ မဟာမြိုင်မှတ်တိုင်ကနေ မိန်းကလေး ၃/၄ ယောက်တက်လာ တယ်အာကျယ်ကျယ်နဲ့ စကားတပြောပြောနဲ့ပေါ့ ရုတ်တရက်ဘတ်စ်ပေါ်လည်းရောက်ရော အသံတွေတိတ်သွားတယ် ... ကိုယ်တွေလည်းသတိမထားမိဘူး...ဟံသာဝတီဝိုင်းလည်းကျော်ရော စိုက်ပျိုးရေးမှာ ဆင်းခါနီးကျမှ သူတို့တွေ ပိတ်ပြီးမျက်နှာကိုသေချာကြည့် ပြီးတော့ မေးရော ဟိုလေ အယ်လွန်းဝါဆိုတဲ့တယောက်မလားဟင်တဲ့ ညီမတို့ အကို့သီချင်းကို အားပေးတယ်နော် လက်မှတ်ထိုးပေးပါနော် လို့ပြောလိုက်တော့ ဘတ်စ်ကားတစီးလုံး အူကြောင်ကြောင်နဲ့ ဝိုင်းကြည့်တာ မှတ်မိသေးတယ် 😅😅😅😅”


“အမှန်အတိုင်းပြောရရင် အားပေးတယ်ဆိုတော့ ပျော်လည်းပျော် နည်းနည်းလည်းရှက်သွားတာပေါ့နော် မျက်နှာဘယ်နားထားရမှန်းကိုမသိတာ ဟားဟား 😂😂ကိုလည်းအူကြောင်ကြောင်နဲ့ သွားကြီးဖြီးလို့ ပေါ့ တကယ်လို့ ငါ့ကို ပရိသတ်တွေ လက်မှတ်ထိုးခိုင်းရင် ဘယ်လိုထိုးမယ်လို့တောင် သေချာမစဉ်းစား ရသေးချိန်ဆိုတော့ ဘယ်လိုထိုးပေးလိုက်လဲတောင် မမှတ်မိတော့ဘူး ထူပူနေလို့ ဟားဟား 😝😝”
“အဲ့နေ့ကနေစလို့ ဘတ်စ်ကားစီးမယ်ဆို ကိုယ့်မျက်နှာ မမြင်အောင် ငုံ့နေတာများတယ် ကိုက အသက်လည်းငယ်သေးတော့ ဒီအဆိုတော်ကလည်း ဘတ်စ်ကားကြီးနဲ့လျှောက်သွားနေတယ်ထင်မှာစိုးတာ လူတွေ ထပ်ပီးလက်မှတ်ထိုးခိုင်းရင် ဒုက္ခပါပဲ ဆိုပြီး တွေးပူတာ 😜😜( တက်စီဆို မုန့်ဖိုးလစ်သွားမယ်လေ အဲ့တော့ ဘတ်စ်ကားပဲပေါ့နော် ဟီးဟီး တတ်နိုင်ဖူးလေ 😅😅 )နောက်ကျတော့ မင်္ဂလာဆောင်ဆိုလို့ရတဲ့ ပိုက်ဆံလေးတွေ စုပြီး တက်စီဖိုးဖယ်ရတော့တာပေါ့နော် စတိုင်ကျချင်တာကိုး ဟားဟား 🤣😂🤣😂တကယ့်အမှတ်တရပါပဲကွာ မောင်လုံးရာ စာကြွင်း ..( မြန်မာပြည်က ဘတ်စ်ကားတွေ အကြောင်းသိတယ်ဟုတ် ခုပုံထဲကလို မဟုတ်ဘူး လူကအပြည့် မတ်တပ်တောင် ကိုင်စရာ သိပ်မရှိ 😁😁😅😅)” လို့ ဆိုပြီး မြန်မာပြည်ကိုလွမ်းနေကြောင်းပြောပြခဲ့ပါတယ်။


အယ်လွန်းဝါဟာ လက်ရှိမှာတော့ ပြည်ပကိုရောက်ရှိနေပြီး ပရိသတ်တွေနဲ့ အနည်းငယ်ေ ၀းကွာနေခဲ့ပါတယ်။ အယ်လွန်းကိုမတွ့တာကြာနေပြီဖြစ်လို့ လွန်းနေကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – အယ်လွန်းဝါ

POPULAR POSTS

ads