Breaking

Friday, September 20, 2019

ပရိသတ်တွေ အရမ်းကြည့်ချင်နေကြတဲ့ "Now and Ever" ရုပ်ရှင် ရုံတင်ရက်ထွက်ရှိ

 ဒါရိုက်တာ ခရစ္စတီးနားခီရဲ့တတိယမြောက် အနုပညာဖန်တီးမှုကြီးတစ်ခုဖြစ်တဲ့ "Now and Ever " ရုပ်ရှင်ဇာတ်ကားကြီးကတော့ လတ်တလော ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ရရှိထားတာပဲ ဖြစ်ပါတယ်။ ပထမရုပ်ရှင် နှစ်ကားမှာတင် အောင်မြင်မှုက အံ့မခန်း ရရှိထားတာမို့ ခီမောင်နှံရဲ့တတိယ ရုပ်ရှင်ကိုလည်း ပရိသတ်တွေက ကြည့်ဖို့ အားခဲထားကြတာပါ။ ဒီနေ့လေးမှာတော့ "Now and Ever" ရုပ်ရှင် ရုံတင်ရက်က တရားဝင် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။



 မင်္ဂလာ ရုပ်ရှင်ရုံကတော့ "Now & Ever (ထာဝရနှောင်ကြိုး) MingalarCinemas အဆင့်မြင့်ရုပ်ရှင်ရုံများတွင် အောက်တိုဘာ ၃၁ ရက်နေ့မှ စတင်ပြသပါတော့မည်" ဆိုပြီး တရားဝင် ကြော်ငြာထားတာပါ။ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ထားတဲ့ "Now and Ever " ရုပ်ရှင်ကိုတော့ သရုပ်ဆောင်တွေအနေနဲ့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
"Now and Ever " ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့မွေးလဖြစ်တဲ့ လာမယ့် အောက်တိုဘာလ (၃၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နမူနာဗီဒီယိုအတိုလေးနဲ့တင် အရမ်းကို မိုက်တဲ့ "Now and Ever" ရုပ်ရှင်ကြီး ရုံတင်ရင် သွားကြည့်ဖို့ ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားလိုက်ကြပါဦးနော်။

Myint Myat
Source;Mingalar Cinemas

POPULAR POSTS

ads