Breaking

Wednesday, September 18, 2019

မိန်းကလေးတွေအပေါ် Ro တက်ဖို့ ယောကျာ်းထုကြီးကို သင်ပေးလိုက်တဲ့ ခေးဆက်သွင်

 မြန်မာဆန်ဆန် ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေးနဲ့ မင်းသမီးချောလေး ခေးဆက်သွင်က ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း နာမည်ကြီးလာသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်က လက်ရှိပြသနေတဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲမှာလည်း အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ခံနေရသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်က လက်ရှိမှာလည်း ဇာတ်လမ်းတွဲအသစ်တွေကို ရိုက်ကူးနေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

 ဒီနေ့မှာတော့ ခေးဆက်သွင်က အမျိုးသားထုကြီးအတွက် မိန်းကလေးတွေနဲ့ ပက်သတ်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို အခုလိုပဲ မျှဝေပြောဆိုလာတာကို တွေ့ရပါတယ်။ "မိန်းကလေးတော်တော်များများက ကိုယ့်အတွက်ဆို ကြိုတင်ပြင်ဆင်ပြီး တကူးတကစီစဉ်ပေးတာမျိုးကို ကြိုက်တယ်။Special Oneပဲ ဖြစ်ချင်ကြတယ်။ အနုအရွ အဖူးအကြွ သိပ်သဘောကျ."

"တခါတလေ onlineကတွေ့လို့ ဒါလေးလှလိုက်တာလို့ပြောရင် "မှာလိုက်လေ ရှင်းပေးမယ်"ဆိုတာထက် သေချာမှတ်ထားပြီး မသိအောင် ဝယ်ပေးထားတာမျိုးလေး။  သူတခုခုအောင်မြင်ရင် အသိအမှတ်ပြုတဲ့ ပန်းစည်းမဟုတ်ရင်တောင် ပန်းလေးတစ်ပွင့်ဖြစ်ဖြစ် ဦးဆောင်နိုင်တာလည်း အမှတ်ပဲနော်။"


" အဆင်မပြေတာသေးသေးလေးကို ဝင်ဖြေရှင်းပေးနိုင်တာကလည်း အထင်ကြီးချင်စရာ...ဘယ်သွားမယ်ဆို plan အစအဆုံး ဆွဲထားတာလေးက အသက်နော်။ ကိုယ်ကြိုက်တာ မကြိုက်တာလေးလည်း သိနေဦးမှ"" မေ့နေတာတို့ အလုပ်များနေလို့ပါတို့ အဲ့လိုမလုပ်တတ်ဘူးတို့ ကိုယ့်ပုံစံ မဟုတ်ဘူးလို့တော့ မပြောမိစေနဲ့။ ဘယ်အရာမဆို နှစ်ယောက်လုံးအတွက် ကြည့်ရမှာပဲလေ...Ro ကြပါဟ အမျိုးသားတို့ရ" ဆိုပြီး ခေးဆက်သွင်က ပြောထားပါတယ်။ခေးဆက်သွင်ကတော့ သမီးရည်းစားတွေ ဆက်ဆံရေး အဆင်ပြေစေနိုင်ဖို့ အကြံကောင်းတွေ ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမျိုးသားထုကြီးလည်း ခေးဆက်သွင်ပြောတဲ့ အချက်လေးတွေကို စမ်းသပ်ကြည့်ပါလို့ မိုမိုလေးမှ တိုက်တွန်းလိုက်တယ်နော်။

Rowena
Source: khay sett thwin's fb

POPULAR POSTS

ads