Breaking

Sunday, September 15, 2019

မြန်မာနိုင်ငံမှ အိမ်ခြေရာမဲ့များကို အစားအစာများလှူဒါန်းပြီး သွားရောက်နှစ်သိမ့်ခဲ့တဲ့ Sinon Loresca

 မြန်မာနိုင်ငံကို ဒုတိယ အကြိမ်ပြန်လည် ရောက်ရှိလာတဲ့ Sinon Loresca ဟာ ဆိုရင် မြန်မာပရိသတ်တွေ ရရှိပိုင်ဆိုင်ထားသူပါ။ ပထမအကြိမ်တုန်းက လည်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ကြော်ငြာများစွာ ရိုက်ကူးခဲ့ပါတယ်။ Sinon Loresca ကို မြန်မာ ပရိသတ်တွေက သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရီသတ်တွေရဲ့ ရင်းနှီးနေတာပါ။ မိုမိုလေး ပရိသတ်ကြီးအတွက် Sinon Loresca ရဲ့ မွန်မြတ်တဲ့ အလှူပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



 Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ နွေးထွေးကြိုဆိုမှုကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်က ပြန်သွားတဲ့အချိန်မှာလည်း သူပြန်လာမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မြန်မာပြည်ကို နောက်ထပ်တစ်ခေါက် ပြန်ရောက်လာပါပြီ။မြန်မာနိုင်ငံမှ အိမ်ခြေရာမဲ့များကို အစားအစာများလှူဒါန်းပြီး သွားရောက်နှစ်သိမ့်ခဲ့တဲ့ Sinon Loresca



Sinon Loresca က မြန်မာနိုင်ငံသားတွေက သူ့အပေါ်နွေးထွေးစွာ ဆက်ဆံလို့ မြန်မာနိုင်ငံကို ချစ်တယ်လို့ဆိုပါတယ်။ မြန်မာ နိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သူချစ်ကြောင်းပြောထားသလို ပရဟိတများစွာကိုလည်း လုပ်ကိုင်သူပါ။ဒီတစ်ခါမှာလည်း ပရဟိတ စိတ်ရှိတဲ့ Sinon Loresca က မြန်မာနိုင်ငံမှ မရှိဆင်းရဲသားများကို အစားအစာများပေးကမ်းလှူခဲ့ပြီး အိမ်ခြေရာမဲ့များနေတဲ့ နေရာများအထိသွားရောက် နှစ်သိမ့်ခဲ့တာပါ။Sinon Loresca ရဲ့ ပရဟိတ စိတ်ဓာတ်လေးက လေးစားစရာပါပဲ ပရိသတ်ကြီးရေ။
Sinon Loresca ရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို ပရိသတ်တွေ သဘောကျမှာပါ။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Sinon Loresca

POPULAR POSTS

ads