Breaking

Friday, September 20, 2019

မိဘမဲ့ဂေဟာမှာ ကလေးတွေကို ကိုယ်တိုင်ထွေးပွေးပြီး လှူဒါန်းမှုတွေလုပ်ခဲ့တဲ့Sinon loresca

 မြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး သဘောကျလို့ ဒုတိယ အကြိမ်ပြန်လည် ရောက်ရှိလာတဲ့ Sinon Loresca ဟာ ဆိုရင် မြန်မာပရိသတ်တွေ ရရှိပိုင်ဆိုင်ထားသူပါ။ Sinon Loresca ကို မြန်မာ ပရိသတ်တွေက သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရီသတ်တွေရဲ့ ရင်းနှီးနေတာပါ။ မိုမိုလေး ပရိသတ်ကြီးအတွက် Sinon Loresca အလှူပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ နွေးထွေးကြိုဆိုမှုကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်က ပြန်သွားတဲ့အချိန်မှာလည်း သူပြန်လာမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မြန်မာပြည်ကို နောက်ထပ်တစ်ခေါက် ပြန်ရောက်လာပါပြီး လက်ရှိမှာ ပရဟိတများစွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။Sinon Loresca က မြန်မာနိုင်ငံသားတွေက သူ့အပေါ်နွေးထွေးစွာ ဆက်ဆံလို့ မြန်မာနိုင်ငံကို ချစ်တယ်လို့ဆိုပါတယ်။ မြန်မာ နိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သူချစ်ကြောင်းပြောထားပါတယ်။





ဒီတစ်ခါမှာတော့ Sinon Loresca က မိဘမဲ့ ကလေးများဂေဟာ ကိုလည်း အလှူသွားလုပ်ခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ခုလိုပြောထားပါတယ်။" အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ကုမ္ပဏီမျိုးတွေနဲ့ လက်တွဲခွင့်ရခဲ့တာ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့အခွင့်အရေးပါပဲ။ ကျွန်တော့်အနေနဲ့ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။ ဒီနေ့မှာတော့ မြန်မာ့နိုင်ငံအတွင်းက မိဘမဲ့ဂေဟာကို လာရောက်ခွင့်ရတဲ့အတွက် ကျွန်တော်ကံကောင်းခဲ့ပါတယ်။ အဲဒီမှာ ကွဲပြားခြားနဲ့ဘ၀တွေကို မြင်တွေ့ခဲ့ရပြီးနောက်မှာ ကျွန်တော်ရှော့ခ်ရရခဲ့တယ်။ ကလေးတွေဟာ သူတို့မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး အသက် (၁၃) နှစ်အရွယ်လောက်ကလေးနဲ့ ကိုယ်ဝန်ရှိနေကြပြီ။ ကျွန်တော်အတွက်တော့ တကယ့်ကို မမေ့နိုင်စရာအတွေ့အကြုံတွေပါပဲ။ ဒီထက်ပိုပြီး အံ့အားသင့်စရာတွေ၊ အံ့အားသင့်စရာအတွေ့အကြုံတွေကို ရရှိဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး။ လေးစားမှုတွေကို မမေ့ဘဲ အရာရာတိုင်းကို တန်ဖိုးထားကြရအောင်။ကျွန်တော်တို့ဘ၀တွေ ပိုကောင်းစေဖို့အတွက် အမြဲတမ်း ကြိုးပမ်းနေရမှာပါ။" ဆိုပြီးပြောထားပါတယ်။Sinon Loresca ရဲ့ မွန်မြတ်တဲ့ အလှူ ပုံရိပ်ကလေးကို ပရိသတ်တွေ သဘောကျမှာပါ။ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Sinon Loresca

POPULAR POSTS

ads