Breaking

Saturday, September 14, 2019

လွန်ခဲ့တဲ့ ၁၄ နှစ်ကသာ တွေ့ဆုံဖြစ်ခဲ့ကြရင် လက်ထပ်ဖြစ်ခဲ့ကြမှာမဟုတ်တဲ့ Song Joong Ki နဲ့ Song Hye Kyo

 လက်ရှိအချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းပြတ်စဲလိုက်ကြပြီဖြစ်တယ်ဆိုပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်ခဲ့ဖူးတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကျော် အချိန်တုန်းကသာ တွေ့ဆုံဖြစ်ခဲ့ကြရင် လက်ထပ်ဖြစ်ခဲ့ကြမှာ မဟုတ်ပါဘူး။ လက်မထပ်ဖြစ်ခဲ့ရမယ့်အကြောင်းအရင်းကတော့ ဒီလိုပါ။

 လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ တင်းကြပ်တဲ့ဥပဒေတစ်ခုတည်ရှိခဲ့ပါတယ်။ အဲဒီဥပဒေကတော့ တူညီတဲ့ မျိုးနွယ်စုတစ်စုက မိသားစုနာမည်တူတဲ့ တောင်ကိုရီးယားလူမျိုး ၂ ယောက်ဟာ လက်ထပ်ခွင့်မရှိဘူးဆိုတာပါပဲ။ ဒါကြောင့် တကယ်လို့များ မိသားစုနာမည်တူကြတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်အနေနဲ့ ထိုအချိန်တုန်းက တွေ့ဆုံချစ်ကြိုက်ဖြစ်ခဲ့မယ်ဆိုရင်တော့ လက်ထပ်ခွင့်ရခဲ့ကြမှာ မဟုတ်ပါဘူး။
မျိုးနွယ်စု ၂၈၂ စုမှာ မိသားစုနာမည် (သို့မဟုတ်) မျိုးရိုးနာမည် "Kim" ပိုင်ဆိုင်ထားကြသူတွေ အများစုက Gyeongsang နဲ့ Gyeongju ပြည်နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။ ချမှတ်ထားခဲ့ဖူးတဲ့ ဥပဒေအရဆိုရင် Gimhae Kim က Gyeongju Kim ကို လက်ထပ်လို့ရနိုင်တယ်ဆိုပေမယ့်လည်း တခြားသော Gimhae Kim အယောက် ၄ သန်းကျော်ထဲက မည်သူနဲ့မျှ လက်ထပ်လို့မရပါဘူး။




ဒီလိုမျိုး ဥပဒေဟာ အရင်တုန်းကတော့ အရမ်းကြီးမားတဲ့ဥပဒေတစ်ရပ်မဟုတ်ပေမယ့်ငြားလည်း နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကိုရီးယားလူမျိုးတွေဟာ တွေ့ဆုံပြီး မျိုးနွယ်တူချင်းလည်း ချစ်ကြိုက်နေခဲ့ကြတာကြောင့် အဆိုပါဥပဒေဟာ ပြဿနာတစ်ခုအသွင်ကို ပြောင်းလဲလို့လာခဲ့ပါတယ်။ထိုဥပဒေကို နှစ်ပေါင်း ၄၀ အတွင်းမှာ ၃ ကြိမ်မျှ ယာယီဖျက်သိမ်းခဲ့ပြီး အဲဒီအချိန်အတွင်းမှာတော့ မျိုးရိုးနာမည်တူတဲ့ ခန့်မှန်းချေ စုံတွဲပေါင်း ၂ သိန်းခန့်ဟာ လက်ထပ်ခဲ့ပြီးနေပြီ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှတော့ တရားရုံးက ထိုဥပဒေကို အခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုပြီး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ မျိုးနွယ်စုတူ၊ မိသားစုနာမည်တူတဲ့သူ ၂ ယောက်ဟာ သွေးသားမတော်စပ်သရွေ့ တရားဝင်လက်ထပ်လို့ရတဲ့ ဥပဒေထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုမျိုး ဥပဒေထွက်ပေါ်လာခဲ့တာကြောင့် Song Joong Ki နဲ့ Song Hye Kyo တို့အနေနဲ့ လက်ထပ်စဉ်အချိန်တုန်းက မည်သည့်အခက်အခဲမျှ မကြုံတွေ့ခဲ့ရပေမယ့်လည်း ဒီလိုမျိုး လက်ထပ်လိုက်တာက သူတို့စုံတွဲအတွက် ပျော်စရာကောင်းတဲ့ဇာတ်သိမ်းတော့ မဟုတ်ခဲ့ပါဘူး။အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့နေထိုင်မှုပုံစံတွေကြောင့် ကွာရှင်းကြတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး သတင်းတွေထွက်ပေါ်ပြီး ၁ လတောင်မပြည့်ခင်မှာပဲ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

Ref : Koreaboo
Mia (Momolay)

POPULAR POSTS

ads